ရမည်းသင်းမြို့နယ်က ရွှေတူးလုပ်သားများ သောင်းချီဆန္ဒပြ
DVB
·
June 3, 2012

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်အတွင်းက မိုးထိမိုးမိတောင်ပေါ် ရွှေတွင်း လုပ်ကွက်မှာ ကုမ္ပဏီက အလုပ်ရပ်နားလိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမား ၃ သောင်းကျော်ဟာ ဇွန် ၁ ရက်နေ့ကစပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့မှာလည်း ဆက်ပြီး ၃ ရက်မြောက်နေ့အဖြစ် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။ လူပေါင်း ၃ သောင်းကျော် ဘာကြောင့် ဆန္ဒပြရလဲဆိုတာနဲ့ပတ်သက်ပြီး မိုးထိမိုးမိတောင်ပေါ်မှာ ဇွန်လ ၁ ရက်နေ့ကတည်းက သွားရောက်သတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုဖိုးကျော်ကို မေးမြန်းထားပါတယ်။











