DVB Logo
Home
မြန်မာသတင်း
အဆိုပြိုင်ပွဲများတွင် သူ့သီချင်းမသုံးရန် ဆောင်းဦးလှိုင် တားမြစ်
DVB
·
April 2, 2018
အဆိုပြိုင်ပွဲများတွင် သူ့သီချင်းမသုံးရန် ဆောင်းဦးလှိုင် တားမြစ်
Donate to DVB

ဝါရင့်အဆိုတော်နဲ့ တေးရေးဆရာတဦးဖြစ်တဲ့ ဆောင်းဦးလှိုင်က သူ့သီချင်းတွေကို မြန်မာနိုင်ငံတွင်း လက်ရှိကျင်းပနေတဲ့ ဘယ်အဆိုပြိုင်ပွဲတွေမှာမှ ယူမသုံးကြဖို့ တားမြစ်လိုက်ပါတယ်။

သူ့ရဲ့သီချင်းတွေကို အဆိုပြိုင်ပွဲတွေမှာ အသုံးပြုခွင့် ပေးမထားခဲ့တာ အတော်ကြာပြီဖြစ်ကာ ဒါဟာ အဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်နေကြသူ တချို့က အခြေခံဂီတပညာ ကျေညက်ခြင်း မရှိဘဲ ပြိုင်ပွဲဝင်တွေကို ဆရာလုပ်တာဟာ ကျင့်ဝတ်နဲ့မညီဘူးလို့ ထင်တဲ့အတွက်ကြောင့်လို့ သူ့ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ရေးသား ဖော်ပြခဲ့တာပါ။

လက်ရှိကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တခုကိုလည်း ခုလို ရေးသား ဖော်ပြထားတာကို တွေ့ရပါတယ်။

“ပြီးခဲ့တဲ့ ၂ ရက်လောက်က channel တခုရဲ့ ဝန်ထမ်းက ဆက်သွယ်ပြီး အဆိုပြိုင်ပွဲ သီချင်းသုံးခွင့် တောင်းလာတယ်။ သူနဲ့မရတော့ ကျားပေါက်က ဆက်သွယ်လာတယ်။ ကျားပေါက်က ကျနော့်အခြေအနေကို မသိဘဲ ကျနော်ရေး Zaw W Htut ဆိုတဲ့ သီချင်းကို သုံးထားတယ်။ ကျားပေါက်တို့က အရည်အချင်းရှိတဲ့ ဒိုင်ဖြစ်သင့်တဲ့လူတွေပါ။ ကျားပေါက်က ဒီနှစ်မှ ဒိုင်လုပ်တာ၊ ကျနော့်သီချင်းတွေ ပေးမသုံးတာ မသိတာ။ ကျားပေါက်ထက် သူ့အဖေ ကိုရင်ဂိုဟာ ကျနော်ချစ်ခင်တဲ့ မိတ်ဆွေကြီးတဦး။ ဒီတော့ ကျနော်ခွင့်ပြုလိုက်ရတယ်။ အခမဲ့ ခွင့်ပြုလိုက်တယ်။ Channel ဝန်ထမ်းက ပြောပြတယ်။ သီချင်းရေးဆရာ အတော်များများဟာ တပုဒ်ကို ငွေကျပ်သုံးသောင်းခွဲ (၃၅၀၀၀) နဲ့ သီချင်းတွေ ပေးသုံးနေကြတာတဲ့။ ကျနော် ပြောလိုက်တယ်။ အဲဒါ ရေးသူ၊ တီးသူ၊ ဆိုသူ၊ ဖန်တီးသူ အားလုံးကို စော်ကားတာ၊ တခြား တေးရေးတွေလည်း ဒါကို အရမ်းကျေနပ်နေမယ် ကျနော် မထင်ဘူး၊ အခြေအနေတခုကြောင့် ဖြစ်လိမ့်မယ်လို့။ ဒါ့ကြောင့် သုံးသောင်းခွဲ မပေးနဲ့၊ အလကားသာယူ ဆိုတော့ လာယူသွားကြတယ်။”

"ခံယူချက်များရယ်ကြောင့်…"ဆိုပြီး ခေါင်းစဉ်တပ် ဖော်ပြထားခဲ့တဲ့ ဒီစတေးတပ်စ်ရဲ့ အဆုံးမှာတော့ အနုပညာသမားတွေဟာ အနှိမ်ခံ ငွေနောက်လိုက် ခံယူချက်မရှိတဲ့ လူစားတွေ မဟုတ်ဘူးဆိုတာ ပြောပေးကြပါ  🙏🏼 🙏🏼 🙏🏼 ”ဆိုပြီး ဒါကို ပြန်လည်မျှဝေပေးကြဖို့ တိုက်တွန်းပြောဆိုထားခဲ့တာကို တွေ့ရပါတယ်။

ဆောင်းဦးလှိုင်ဟာ တကိုယ်တော်အနေနဲ့ရော အဖွဲ့လိုက်အနေနဲ့ပါ သီချင်းအယ်လ်ဘမ် တော်တော်များများမှာ သီဆိုအောင်မြင်ခဲ့သူဖြစ်ပြီး လက်ရှိလည်း သီချင်းတွေ ရေးဖွဲ့သီဆိုနေသူပါ။

Photo : Song Oo Hlaing

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013