DVB Logo
Home
မြန်မာသတင်း
တပ်မတော်အရာရှိ ဟန်ဆောင် လက်နက်ကိုင်သူအား ဖမ်းဆီးအရေးယူ
DVB
·
April 2, 2018
တပ်မတော်အရာရှိ ဟန်ဆောင် လက်နက်ကိုင်သူအား ဖမ်းဆီးအရေးယူ
Donate to DVB

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကျေးရွာ မန္တလေး-လားရှိုး ကားလမ်းဘေးရှိ ရွှေမူဆယ်စားသောက်ဆိုင်မှာ တပ်မတော်အရာရှိဝတ်စုံ (ကော်လာတံဆိပ်မပါ) စစ်ယူနီဖောင်း ဝတ်ဆင်ထားတဲ့ လက်နက်ကိုင်ဆောင်ထားသူ တဦးကို ဖမ်းဆီး အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

မတ် ၂၇ ရက် မွန်းလွဲပိုင်းက မူဆယ်မြို့၊ ဘိုဖိုင်ကျေးရွာနေ ညွန့်စိန် (၅၈-နှစ်)နဲ့ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး-၇ နေ စံသီး (ခ) စံသေး (၄၄-နှစ်)တို့ကို MDY 3K/2653 Wish ယာဉ်နဲ့အတူ မင်္သကာဖွယ်ရာ တွေ့ရှိခဲ့လို့ ရဲက စစ်ဆေးမေးမြန်းခဲ့ပါတယ်။

စစ်ဆေးမေးမြန်းရာမှာ တပ်မတော်အရာရှိ ဟန်ဆောင်ထားတဲ့ ညွန့်စိန်ရဲ့ လက်ကိုင်အိတ်အတွင်းမှ ၉ မမ ပစ္စတို ၁ လက်၊ ၉ မမကျည် ၇ တောင့် နဲ့ ၈ တောင့်၊ ဖြည့်ထားတဲ့ ကျည်အိမ် ၂ ခု၊ ၉ မမကျည်အလွတ် ၁၇ တောင့်၊ စုစုပေါင်း ၉ မမ ကျည် ၃၂ တောင့်ကို တရားမဝင် ကိုင်ဆောင်ထားကြောင်း၊ ညွန့်စိန်က စံသီးကို ကား ၁ စီး ငှားပေးဖို့ အကူအညီတောင်းခံခဲ့လို့ Wish ယာဉ်အား ငှားရမ်းပေးခဲ့ကြောင်း တွေ့ရှိရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ညွန့်စိန်ဟာ ပြင်ဦးလွင်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ဖို့ မြေဝယ်ယူရာမှာ ပြည်သူ့စစ်ဆိုပြီး စစ်ဝတ်စုံအား ဝတ်ဆင်ခဲ့တာ ဖြစ်တယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။

ကိုင်ဆောင်ထားတဲ့ သေနတ်ဟာ ၂၀၁၆ ခုနှစ်က တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့က တရုတ်နိုင်ငံသား ၁ ဦးဆီကနေ တရုတ်ငွေ ၃၅၀၀၀ ယွမ်နဲ့ ဝယ်ယူကိုင်ဆောင်ခဲ့တာ ဖြစ်ကြောင်း၊ ညွန့်စိန်နဲ့ စံသီး(ခ)စံသေး တို့ကို ပိတ်ချင်းမြောင် ရဲကင်းစခန်းက  လက်နက်အက်ဥပဒေပုဒ်မ ၁၉(စ)၊ ရာဇသတ်ကြီးပုဒ်မ ၁၄၀/၁၁၄ တို့နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ရဲဇာနည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013