DVB Logo
Home
Lead Story
“Selfie ၅၀၀၀ မနားတမ်း ရိုက်ကူးခဲ့တာလည်း ပထမဆုံးပါပဲခင်ဗျာ” - စိုင်းစိုင်းခမ်းလှိုင်(ဓာတ်ပုံ)
DVB
·
April 2, 2018
“Selfie ၅၀၀၀ မနားတမ်း ရိုက်ကူးခဲ့တာလည်း ပထမဆုံးပါပဲခင်ဗျာ” - စိုင်းစိုင်းခမ်းလှိုင်(ဓာတ်ပုံ)
1 / 3
Donate to DVB

မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ သူ့ရဲ့ နောက်ဆုံးထွက် သီချင်းအယ်လ်ဘမ် လက်မှတ်ရေးထိုးပွဲမှာ ပရိသတ်တွေနဲ့ Selfie ဓာတ်ပုံ ၅ ထောင်လောက် မနားတမ်း ရိုက်ပေးခဲ့ရတယ်လို့ ပြောလိုက်ပါတယ်။

ဒါဟာ ဧပြီလ ၁ ရက်နေ့က Junction Square မှာ ကျင်းပတဲ့ သူ့ရဲ့ နောက်ဆုံးထွက် SAI SAI is SAI SAI အမည်ရတဲ့ သီချင်း အယ်လ်ဘမ် လက်မှတ်ရေးထိုးပွဲမှာ ခုလို ရိုက်ကူးခဲ့ရတာလို့ ဆိုပါတယ်။

နေ့လယ် ၁ နာရီကနေ လက်မှတ်ရေးထိုး ရောင်းချခဲ့တာ ည ၇ နာရီထိ မနားတမ်း ရောင်းခဲ့ရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ခုလို ရေးသားဖော်ပြထားခဲ့တာပါ။

“ပွဲတပွဲထဲမှာ ဒီလောက် အရေအတွက်အထိ ရောင်းရတာလည်း ဒါ ပထမဆုံးဖြစ်ပြီးတော့ လူအရေအတွက်လည်း အများဆုံးပါပဲ။ စင်တာအပြင်အထိ တန်းစီနေကြတာ တဖက်မှာလည်း အားလည်းနာတယ်။ တဖက်မှာလည်း အားပေးမှုအတွက် ကြည်နူး ဝမ်းသာပါတယ်။ မထွက်သေး နားမထောင်ရသေးတဲ့ အခွေအသစ်အတွက် ဒီလောက် အားပေးတာ ကျနော့်အနုပညာကို ယုံကြည်မှုပေးထားတာ အခုအချိန်အထိ ကြက်သီးထနေပါတယ်။ ဒီနေ့ပွဲအတွက် ပရိသတ်အားလုံးရော၊ ပါဝင်ကူညီကြသူတွေရော Operation မှာ ပါဝင်ခဲ့ကြတဲ့ ဘော်ဒါတွေ လုပ်ဖော်ကိုင်ဖက်တွေရော လူတိုင်း လူတိုင်းကို ကျေးဇူးအထူး (အထူး)တင်ပါတယ်ခင်ဗျား။

(စာကြွင်း - selfie 5000 လောက် မနားတမ်း ရိုက်ဖူးတာလည်း ပထမဆုံးပါပဲခင်ဗျာ)”

ဒီစာနဲ့အတူ ပရိသတ်တွေနဲ့ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံတွေကို ပြန်လည်မျှဝေထားခဲ့ပြီး ပုံတွေကို နှစ်သက်သဘောကျသူ ၆ သောင်း ၇ ထောင်လောက်ရှိခဲ့ပြီး အောက်မှာလည်း ဝေဖန်မှတ်ချက်တွေ သောင်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ မြန်မာနိုင်ငံမှာ လူသိများတဲ့ နာမည်ကြီး အနုပညာရှင်တွေထဲမှာ ပါဝင်ပြီး ထွက်ရှိခဲ့သမျှ တေးသီချင်း အယ်လ်ဘမ်တွေဟာလည်း အောင်မြင်လူသိများပြီး ပရိသတ်များစွာ ရရှိထားသူ ဖြစ်ပါတယ်။

Photo : Sai Sai Kham Leng

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013