DVB Logo
Home
မြန်မာသတင်း
“ရှစ်​​လေးလုံးပါတီ”ကို “ရှစ်လေးလုံးပြည်သူ့ပါတီ”အဖြစ်အမည်ပြောင်း
DVB
·
April 2, 2018
“ရှစ်​​လေးလုံးပါတီ”ကို “ရှစ်လေးလုံးပြည်သူ့ပါတီ”အဖြစ်အမည်ပြောင်း
Donate to DVB

 

ရှစ်​​လေးလုံးပါတီကို ရှစ်​​လေးလုံးပြည်​သူ့ပါတီလို့ အမည်​​ပြောင်းလိုက်ပြီး ပါတီအမည်​နဲ့ ပတ်​သက်​ပြီး ​ဝေဖန်​တာ​တွေကို ဥပ​ဒေအရပဲ ဆက်​လက်​​ဆောင်​ရွက်​မယ်​လို့ ပါတီ ဦးဆောင်သူတွေက ပြောကြားလိုက်ပါတယ်။

ဧပြီ​ ၁ ရက်​​ကပြုလုပ်​တဲ့ နိုင်​ငံ​ရေးပါတီဖြစ်​​မြောက်​​ရေး​ကော်​မတီရဲ့ အ​ရေး​ပေါ်စုံညီ အစည်း​အဝေးမှာ ဦး​ဆောင်​​ကော်​မတီဝင်​ ဦးကိုကိုကြီးက “ပါတီနာမည်​နဲ့ပတ်​သက်​ပြီး​တော့က ကျ​နော်​တို့ ရှစ်​​လေးလုံးအ​ရေး​တော်​ပုံမှာပါခဲ့တဲ့ မိတ်​​ဆွေတွေက အပြုသ​ဘောနဲ့​ ဝေဖန်​​ထောက်​ပြ ကြတာရှိသလို တဦးချင်းအ​နေနဲ့လည်း လူမှုကွန်​ရက်​က ​ဝေဖန်​ကြတာရှိပါတယ်​။ ပါတီနာမည်ကို ဥပ​ဒေ အ​ကြောင်းအရ ငြိစွန်းမှုရှိရင်​ ဥပ​ဒေအရကန့်​ကွက်​ပါ။ ကျ​တော်​တို့ကလည်း ဥပ​ဒေအရပဲ ​ဆောင်​ရွက်​သွားပါမယ်​”လို့ ​ပြောပါတယ်​။

ပြည်​​ထောင်​စု​ရွေး​ကောက်​ပွဲ​ကော်​မရှင်​က ရှစ်​​လေးလုံးပါတီနာမည်​နဲ့ ပတ်​သက်​ပြီး ပါတီနာမည်​မှတ်​ပုံတင်​ဖို့ တင်​ပြပြီးသုံးလအကြာမှာ ​ကော်​မတီဝင်​​တွေကို ​ခေါ်ယူ​တွေ့ဆုံခဲ့ပါတယ်​။

ဒီလို​ခေါ်ယူ​တွေ့ဆုံအပြီးမှာ နိုင်​ငံ​ရေးပါတီဖြစ်​​မြောက်​​ရေး​ကော်​မတီဝင်​​တွေကို အ​ရေး​ပေါ် အစည်း​ဝေးနဲ့​ခေါ်ယူ​တွေ့ဆုံပြီး ပါတီနာမည်​ကို ပြန်​လည်​သုံးသပ်​ခဲ့တဲ့​နေရာမှာ ရှစ်​​လေးလုံး ပြည်​သူ့ပါတီဆိုတဲ့ နာမည်ကိုအတည်​ပြုခဲ့ပါတယ်​။

ရှစ်​​လေးလုံးပါတီဆိုတဲ့နာမည်​က ဥပ​ဒေအရ ငြိစွန်း​နေလို့ ​ကော်​မရှင်​က​ခေါ်​ပြောတာ မဟုတ်​ဘူးလို့ ဦး​ဆောင်​​ကော်​မတီဝင်​ ဦးမင်း​ဇေယျာက ပြောပါတယ်။

“ငြိစွန်းမှုလည်း မရှိဘူး။ ​ကော်​မရှင်​ကမိသားစုပုံစံနဲ့ ​ခေါ်​တွေ့ခဲ့တာ။ ကျ​နော်​တို့ဘက်​ကလည်း ပါတီနာမည်​ကိုပြန်​စဉ်းစားတာ ​ဝေဖန်​​ထောက်​ပြသူ​တွေကို​ လေးစားတဲ့သ​ဘောပါပဲ။ ရှစ်​​လေးလုံးဆိုတဲ့ နာမည်​ကို​တော့ အထိခံမှာမဟုတ်​ဘူး”

လက်​ရှိမှာ တိုင်းနဲ့ ​ပြည်​နယ်​က​ကော်​မတီဝင်​​တွေနဲ့ ​ဆွေး​နွေးချက်​​တွေအရ ရှစ်​​လေးလုံး ပါတီအစား ရှစ်​​လေးလုံးပြည်​သူ့ပါတီဆိုတဲ့ အမည်​ကိုဆက်​လက်​မှတ်​ပုံတင်​သွားမှာ ဖြစ်​ပါတယ်​။

မှတ်​ပုံတင်​ကျလာပြီးရင်​​တော့ ပါတီဝင်​အင်​အား ဆက်​လက်​စု​ဆောင်းတာနဲ့ စည်းရုံး​ရေး လုပ်​ငန်း​တွေ ကြားဖြတ်​​ရွေး​ကောက်​ပွဲဝင်​နိုင်​​ရေးအတွက် ​လုပ်​​ဆောင်​တာ​တွေ ဆက်လုပ်​ သွားမယ်​လို့ ဆိုပါတယ်​။

မနေ့က အစည်း​ဝေးကို​တော့ နိုင်​ငံ​ရေးပါတီဖြစ်​​မြောက်​​ရေး ​ကော်​မတီက တိုင်းနယ်​ပြည်​နယ် ​၇ ခုနဲ့ မြို့နယ်​ ပြည်​နယ်​ ၃ ခုက လူဦး​ရေ ၉၀ ပါဝင်​​ဆွေး​နွေးခဲ့ ကြပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013