DVB Logo
Home
မြန်မာသတင်း
တိုကျို မြန်မာ သင်္ကြန်ပွဲတော် စည်ကားစွာ ကျင်းပ
DVB
·
April 2, 2018
တိုကျို မြန်မာ သင်္ကြန်ပွဲတော် စည်ကားစွာ ကျင်းပ
1 / 7
Donate to DVB

၂၇ ကြိမ်မြောက် မြန်မာမိသားစု သင်္ကြန်ပွဲတော်ကို ဂျပန်နိုင်ငံ မြို့တော် တိုကျိုမြို့က ဟီဘီယပန်းခြံမှာ ဧပြီလ ၁ ရက်က တိုကျိုအခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံသား အပါအဝင်၂၅၀၀ ကျော် လာရောက် ပူးပေါင်းဆင်နွှဲခဲ့ကြပါတယ်။

အထူးဧည့်သည် အဆိုတော်အဖြစ် မိုရီဆာကီဝင်း(ခ)အဝင်းက လာရောက် သီဆိုဖျော်ဖြေခဲ့ပြီး ဂျပန်အဆိုတော် ဂျွန်ကိုဆုဝါနဲ့ ဂျပန်တီဗွီ သရုပ်ဆောင် အဲမလီ အပါအဝင် ဂျပန် မြန်မာ တေးဂီတအဖွဲ့တွေက လာရောက်သီဆိုကပြဖျော်ဖြေခဲ့ကြပါတယ်။

မြန်မာလူမျိုးဖြစ်လို့ မြန်မာနိုင်ငံက သင်္ကြန်ကို သတိရတယ်လို့လည်း ဟောလိဝုဒ် သရုပ်ဆောင်မင်းသား အဆိုတော် မိုရီဆာကီဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ပွဲတော်အတွင်း မြန်မာ့ရိုးရာ အစားအစာ၊ အမှတ်တရပစ္စည်းဆိုင်တွေနဲ့ အခုနှစ် ထူးခြားတာကတော့ Sakura Clinic နဲ့ MFCG တို့က အခမဲ့ ကျန်းမာရေး စစ်ဆေးပေးခဲ့ကြတာကို တွေ့ရပါတယ်။

ပွဲတော်ကို ပန်းခြံငှားရမ်းမှု အခက်အခဲကြောင့် ရက်စောစော ကျင်းပခဲ့ရပြီး ရရှိတဲ့ အကျိုးအမြတ်ငွေတွေကို မြန်မာနိုင်ငံ နယ်စပ်နဲ့ ပြည်တွင်းရှိ ပညာရေး ကျန်းမာရေး လိုအပ်ချက်ရှိတဲ့ နေရာတွေကို ထောက်ပံ့လှူဒါန်းသွားမှာ ဖြစ်တယ်လို့လည်း မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးလှိုင်အေးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013