DVB Logo
Home
မြန်မာသတင်း
လုပ်ခလစာ ၅၆၀၀ ကျပ်ထက်မနည်းရရှိရေး မန္တလေး စက်ရုံအလုပ်သမားများ ဆန္ဒပြ
DVB
·
April 1, 2018
လုပ်ခလစာ ၅၆၀၀ ကျပ်ထက်မနည်းရရှိရေး မန္တလေး စက်ရုံအလုပ်သမားများ ဆန္ဒပြ
Donate to DVB

အနည်းဆုံး လုပ်ခလစာ ၅၆၀၀ ကျပ်ထက်မနည်းရရှိရေးအတွက် မန္တလေးမြို့၊ စက်ရုံ ၁၅ ခုက အလုပ်သမားတွေ ဒီနေ့မနက်က ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ပါတယ်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မနော်ရမ္မံပြည်သူ့ဟစ်တိုင်ကွင်းမှာ စက်ရုံ အလုပ်ရုံတွေက အလုပ်သမား ၁၀၀ လောက်ဟာ အနည်းဆုံးလုပ်ခလစာ ၅၆၀၀ ကျပ်ထက် မနည်းရရှိရေး၊ အလုပ်သမားတွေ အငြင်းပွားတာတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းပေးရေး၊ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး၊ လုပ်သက်ကြေး၊ ကျွမ်းကျင်ကြေးတွေ သတ်မှတ်ပေးရေး စတာတွေကို တောင်းဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံ စက်မူလက်မှုနဲ့ ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး     ဦးသက်နှင်းအောင်က “အဓိကတောင်းဆိုချက်ဖြစ်တဲ့ အနည်းဆုံးအခကြေးငွေ ဥပဒေပုဒ်မ (၁၄/က) ကို အလုပ်ရှင်တွေအနေနဲ့ လုံးဝမချိုးဖောက်ဖို့ပြောချင်တယ်။ အခုတောင်းဆိုနေတဲ့အချက်တွေကို မရမချင်း ဆက်ပြီးတောင်းဆိုသွားမှာဖြစ်တယ်” လို့ ပြောပါတယ်။

ဒီဆန္ဒပြပွဲမှာ အီလန်ဆပ်ပြာစက်ရုံ၊ Ve Ve အချိုရည် စက်ရုံ၊ အာရှ အချိုရည်စက်ရုံ၊ စိန်ကမ္ဘာအထည်စက်ရုံနဲ့ ပေါ်ပီ မုန့်စက်ရုံ စတဲ့ စက်ရုံပေါင်း ၁၅ ခုက အလုပ်သမားတွေ ပါဝင်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013