DVB Logo
Home
မြန်မာသတင်း
အောင်ကိုထွေးကို အမြန်ဆုံးပြန်လွှတ်ပေးရန် အရပ်ဘက်အဖွဲ့ ၁၅၀ ကျော် တောင်းဆို
DVB
·
April 1, 2018
အောင်ကိုထွေးကို အမြန်ဆုံးပြန်လွှတ်ပေးရန် အရပ်ဘက်အဖွဲ့ ၁၅၀ ကျော် တောင်းဆို
Donate to DVB

ကလေးစစ်သားဟောင်း အောင်ကိုထွေးအား ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် တရားစွဲသူနဲ့ တရားရေးမဏ္ဍိုင်တို့ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်း ၁၅၀ ကျော်က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

အခုလို လုပ်တာဟာ အခြေခံလူ့အခွင့်အရေးတွေကို ထပ်ခါထပ်ခါချိုးဖောက်နေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးနှိမ် နှိပ်ကွပ်ရာရောက်တယ်လို့ ဆိုပါတယ်။

ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရတဲ့ အောင်ကိုထွေးဟာ သူတွေ့ကြုံခဲ့ရတာတွေကို အာရ်အက်ဖ်အေသတင်းဌာနကို ဖြေကြားခဲ့တာကြောင့် တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေတယ်ဆိုပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်က တရားစွဲဆိုခဲ့ပါတယ်။

အဲဒီအမှုကို ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးက မတ်လ ၂၈ ရက်မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။ အောင်ကိုထွေးဟာ တရားရင်ဆိုင်နေရတဲ့ ကာလမှာပဲ တရားရုံး မထီမဲ့မြင်ပြုမှုနဲ့ ထောင်ဒဏ် ၆ လ ကျခံထားရပါသေးတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှုအတွက် ချလိုက်တဲ့ ထောင်ဒဏ်ဟာ အဲဒီပုဒ်မအတွက် အမြင့်ဆုံး ချမှတ်နိုင်တဲ့ ပြစ်ဒဏ်ဖြစ်ပြီး အဲဒီနေ့မှာပဲ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ဥပဒေနဲ့ ထပ်ပြီး တရားစွဲဆိုထားပါတယ်။

ကလေးစစ်သားဟောင်း အောင်ကိုထွေးက “နိုင်ငံတော်ကို အကြည်ညိုပျက်အောင်လုပ်နေတာ အောင်ကိုထွေး မဟုတ်ဘူး။ ကမ္ဘာအလယ်မှာ နိုင်ငံတော်ကို အကြည်ညိုပျက်အောင် ဘယ်သူတွေ လုပ်နေလဲ။ ပြည်သူတွေသိတယ်။ ကျနော်မပြောဘူး။ ဒီနေ့ထောင် ၂ နှစ်ချတယ်။ ဘာသက်သေ ပေါ်ပေါက်ချက်မှ မတွေ့ပဲ ချတယ်။ တမှုပြီး တမှုနဲ့ ထပ်ဆွဲတယ်။ ဒါ ကျနော့် စိတ်ဓါတ်တွေကို ပျက်ပြားအောင် ရိုက်ချိုးနေတာ။ မီဒီယာတွေကို ကျနော့်အခွင့်အရေး ချိုးဖောက်ခံရတာတွေ ပြန်ပြောလို့ နောက်ထပ်ဘယ်သူမှ မပြောရဲအောင် မီဒီယာလွတ်လပ်ခွင့်ကိုပါ စိန်ခေါ်တာ။ ကျနော့်လို ကလေးစစ်သားတွေ အများကြီး ရှိနေပါသေးတယ်”လို့  တရားရုံးက အထွက်မှာပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ နိုင်ငံသားတိုင်းဟာ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပြုထားလို့ ကလေးစစ်သားဘဝ အတွေ့အကြုံတွေကို မီဒီယာတွေကို ပြောတာဟာ ဥပဒေကို ချိုးဖောက်တာ မဟုတ်ဘူးလို့ အရပ်ဘက် အဖွဲ့အစည်းတွေက ဆိုပါတယ်။

ပြီးတော့ မြန်မာနိုင်ငံဟာ ကလေးသူငယ် အခွင့်အရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့အတွက် အောင်ကိုထွေးကို ကလေးစစ်သားအဖြစ် စုဆောင်းခဲ့တာဟာ နိုင်ငံရဲ့ တရားဝင် အဖွဲ့အစည်းတခုက အပြည်ပြည်ဆိုင်ရာ သဘာတူစာချုပ်ကို ချိုးဖောက်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် မတရားဖမ်းဆီးခံထားရတဲ့ အောင်ကိုထွေးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ လက်ရှိ တရားစွဲဆိုထားတဲ့ အမှုတွေကိုလည်း ခြွင်းချက်မရှိ ရုပ်သိမ်းပယ်ဖျက်ပေးဖို့ အရပ်ဘက် အဖွဲ့အစည်း ၁၅၀ ကျော်က တောင်းဆိုလိုက်ပါတယ်။

ကလေးစစ်သားဟောင်း အောင်ကိုထွေးကို ဝန်းရံတဲ့ တက်ကြွလူပ်ရှားသူတွေဟာလည်း ပုဒ်မ ၅၀၅ (ခ) နဲ့ တရားရင်ဆိုင်နေရပြီး အစ်မဖြစ်သူဟာလည်း အောင်ကိုထွေးရုံးထုတ်မှာ ဝန်းရံဆန္ဒပြရင်း တရားစွဲခံရလို့ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013