DVB Logo
Home
မြန်မာသတင်း
စင်ကာပူအထူးကုဆရာဝန်ကြီးများ ပြွန်တန်ဆာမြို့ သီတဂူစက္ခုဒါနဆေးရုံတွင် အခမဲ့ကုသပေး
DVB
·
April 1, 2018
စင်ကာပူအထူးကုဆရာဝန်ကြီးများ ပြွန်တန်ဆာမြို့ သီတဂူစက္ခုဒါနဆေးရုံတွင် အခမဲ့ကုသပေး
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ သီတဂူစက္ခုဒါနဆေးရုံကြီးမှာ စင်ကာပူနိုင်ငံက အထူးကုဆရာဝန်ကြီးတွေကိုယ်တိုင် ၃ ရက်ကြာ အခမဲ့ လာရောက်ဆေးကုသ ပေးနေတယ်လို့ သိရပါတယ်။

သီတဂူ မျက်စိကုသရေးအဖွဲ့က ဆရာဝန်ကြီးတွေနဲ့ ချိတ်ဆက်ပြီး မျက်စိ၊ သွား၊ အထွေထွေရောဂါနှင့်တရုတ် ရိုးရာကုထုံးနည်းတွေကို စင်ကာပူနိုင်ငံက အထူးကုဆရာဝန်ကြီး ၆ ဦး အပါအဝင် ၁၂၁ ယောက်က မတ်လ ၃၀ ကနေ ဧပြီ ၁ ရက်နေ့အထိ သုံးရက်ကြာ လာရောက်ကုသပေးနေတာ ဖြစ်ပါတယ်။

ညောင်လေးပင်၊ မဒေါက်၊ ပိန်ဇလုပ်၊ ကျောက်တံခါး၊ ဒိုက်ဦး စတဲ့မြို့တွေမှာ မတ်လ ၅ ရက်ကနေ ၂၀ ရက်နေ့အထိ လိုက်လံနှိုးဆော်ကာ စာရင်းကောက်ထားခဲ့တာဖြစ်ပြီး အဲဒီမြို့တွေအပါအဝင်တခြားမြို့တွေက ဝေဒနာရှင် ၄၀၀၀ နီးပါ လာရောက်ကုသမှု ခံယူနေကြတယ်လို့လည်း သိရပါတယ်။

သီတဂူစက္ခုဒါနဆေးရုံအဖွဲ့ဝင် ဦးမြင့်သိန်းက “အထွေအထွေကုသ ပေးတယ်။ အနီးအဝေးပါဝါတိုင်းပြီ မျက်မှန်အခမဲ့ စမ်းသပ်ပြီးပေးတယ်။ သွားနုတ်၊ သွားဖာ၊ သွားချေးခြစ်တယ်။ တရုတ်ရိုးရာ အပ်စိုက်၊ စုပ်ခွက်ကပ်၊ အဆိပ်ထုတ်ကုသပေးနေတယ်” လို့ ပြောပါတယ်။

ပြွန်တန်ဆာမြို့ စက္ကုဒါနဆေးရုံမှာ မျက်စိအခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးခဲ့တာ မျက်မှန်အခမဲ့ပြုလုပ်ပေးတာ သုံးကြိမ်ရှိခဲ့ပြီး ခုအကြိမ်ဟာ နိုင်ငံခြားကဆရာဝန်ကြီးတွေ ကိုယ်တိုင်လာရောက်ကုသပေးခြင်းလည်း ဖြစ်ပါတယ်။

သတင်း-ဓာတ်ပုံ

နေလင်းထိုက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013