DVB Logo
Home
မြန်မာသတင်း
မြောင်းမြတွင် ခရီးသွားလူငယ် ၂ ဦးကို ဓားထောက်လုသည့်အဖွဲ့အား ဖမ်းဆီး
DVB
·
April 1, 2018
မြောင်းမြတွင် ခရီးသွားလူငယ် ၂ ဦးကို ဓားထောက်လုသည့်အဖွဲ့အား ဖမ်းဆီး
Donate to DVB

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ လေယာဉ်ကွင်းဟောင်းမှာ ညအချိန် ခရီးသွားတဲ့ လူငယ် ၂ ယောက်အား အုပ်စုဖွဲ့ ဓားထောက်လုယက်ခဲ့တဲ့ ၄ ယေက်ကို မြောင်းမြခရိုင်ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေပူပေါင်းမှုကြောင့် မတ်လ ၃၀ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မြောင်းမြမြို့နယ်၊ ရှမ်းစုကျေးရွာနေ မမြတ်နိုးနွယ်နဲ့ မောင်ကိုကို တို့ဟာ  မတ်လ ၂၉ ရက်နေ့ ည ၉ နာရီအချိန်လောက်က လေယာဉ်ကွင်းဟောင်းအတိုင်း ဆိုင်ကယ်စီးပြီး ရှမ်းစုရွာကေနေ သက်သာပန်းတောင်းကျေးရွာကိုအသွား ဆိုင်ကယ်တစီးနဲ့ လူ ၄ ယောက် ရောက်လာပြီး လုယက်ခဲ့တာလို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးက ပြောပါတယ်။

လုယက်မှုကျူးလွန်သူတွေကို ၂၄ နာရီအတွင်းမှာ  ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးမှ ဒုရဲမှူးကြီးခင်မောင်လတ်ကပြောပါတယ်။

မောင်ကိုကိုအား ဓားနဲ့ထောက် ရိုက်ပုတ်ကာ အင်္ကျီနဲ့တုပ်နှောင်ပြိး ဆွဲကြိုးနဲ့ဖုန်းကို လုယူခဲ့သလို သူမဆီကလည်း ဆွဲကြိုးကို ထပ်မံလုယူ ထွက်ပြေးသွားခဲ့တာလို့ လုယက်ခံခဲ့ရသူ မမြတ်နိုးနွယ်က ပြောပါတယ်။

ဓားထောက်လုယက်မှုအတွက် သက်သေခံပစ္စည်းနဲ့တကွ ဖမ်းဆီးရမိသူ ၄ ဦးကိုတော့ မြောင်းမြမြို့မ ရဲစခန်းက အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေတယ် လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013