DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီနှင့်အစိုးရ ကိုယ်စားလှယ် ပြည်ထောင်စုအဆင့် ဆွေးနွေးမည်
DVB
·
June 1, 2012
ကေအန်ပီပီနှင့်အစိုးရ ကိုယ်စားလှယ် ပြည်ထောင်စုအဆင့် ဆွေးနွေးမည်
Donate to DVB

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) နဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ ဇွန်လ  ပထမပတ်ထဲမှာ  နောက်ထပ် တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ ကေအန်ပီပီ အတွင်းရေးမှူး ၁ ခူးဦးရယ်က ပြောပါ တယ်။

[caption id="attachment_22268" align="alignleft" width="300" caption="မတ်လ ၇ရက်နေ့က ကေအန်ပီပီနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ လက်မှတ် ရေးထိုးခဲ့​စဉ်"][/caption]

တွေ့ဆုံပွဲကို ဇွန်လ ၉ ရက်နေ့လောက် မှာ လုပ်ဖို့ အကြမ်းဖျင်း လျာထားပြီး ကရင်နီပြည် လွိုင်ကော်မြို့ မှာ  ပြည်ထောင်စုအဆင့် ဆွေးနွေး မှာဖြစ်ပါတယ်။

ကေအန်ပီပီဘက်က အတွင်းရေးမှူး ၁ ခူးဦးရယ်ခေါင်းဆောင် တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၉ ဦး တက်ရောက် မှာဖြစ်ပြီး ပြည်နယ် အဆင့် ဆွေးနွေးပွဲ မှာ အဆိုပြုထားတဲ့ အချက်တွေထဲက သဘောတူညီနိုင် တဲ့ အဆင့်ထိရောက်အောင် ပြန်ဆွေးနွေးမယ်လို့ ပြောပါတယ်။

“အရင် ပြည်နယ် အဆင့်တုန်းက ကျနော်တို့က အချက် ၂၀ ဆွေးနွေးဖို့ ပြင်ခဲ့တာ။ မဆွေးနွေးခဲ့ရဘူး၊ သဘောတူညီမှုလည်း မရခဲ့ဘူးဆိုတော့ အဲဒီအချက်အလက်တွေကိုပဲ ပြည်ထောင်စုအဆင့်မှာ ကျနော်တို့ အကျေအလည် ပြန်ဆွေးနွေးမှာပါ။ အဲဒီအဆင့်ကို ကျော်ပြီးမှပဲ နောက် ကိစ္စတွေကို ဆွေးနွေးကောင်း ဆွေးနွေးပါလိမ့်မယ်။”

ဆွေးနွေးတင်ပြမယ့် အချက်တွေအားလုံးဟာ ကရင်နီပြည်သူလူထုရဲ့ ဘ၀ အခြေအနေပေါ် မူတည်ပြီး စဉ်းစားထားတဲ့ အတွက် လူထုအတွက် တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးရော အကျိုးသက်ရောက်မှုရှိမယ်လို့ ခူးဦးရယ်က ပြောပါတယ်။

ပထမအကြိမ် ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲတုန်းက အစိုးရဘက်က   ကေအန်ပီပီကို မတရားအသင်းအဖွဲ့ အဖြစ် ထုတ်ပြန်ထားရာကနေ ၁၅ ရက်အတွင်း ရုပ်သိမ်းကြောင်း ကြေညာပေးဖို့၊ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက် ၆ လအတွင်း တတိုင်းပြည်လုံး အသွင်ဆောင်တဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံး အကောင်အထည်ဖော်ဖို့ စတင်နိုင်ရမယ် ဆိုတဲ့ အချက်တွေကို တောင်းဆို ထားပါတယ်။

ဒါ့အပြင် ကရင်နီပြည်တွင်း အကောင်အထည်ဖော်နေတဲ့ စီမံကိန်းနဲ့ ပြုပြင်မွမ်းမံမှုတွေကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု မပြီးပြတ်သေးတဲ့ ကာလအတွင်း ရပ်ဆိုင်းထားဖို့၊ လက်ရှိကျန်းမာရေး၊ ပညာရေးနဲ့ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ နိုင်ငံတကာအဖွဲ့တွေကို ဆက်လက် လုပ်ဆောင်ခွင့်ပေးဖို့ စတဲ့အချက် ၂၀ ကို တောင်းခဲ့တာ ဖြစ်ပါတယ်။

ကေအန်ပီပီနဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့က လွိုင်ကော်မြို့မှာ ပြည်နယ်အဆင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013