DVB Logo
Home
မြန်မာသတင်း

ထင်းအစားထိုး လောင်စာသုံး စံပြရွာများကို ဆုချီးမြှင့်

March 31, 2018
ထင်းအစားထိုး လောင်စာသုံး စံပြရွာများကို ဆုချီးမြှင့်
Donate to DVB

ထင်းအစားထိုး လောင်စာသုံး စံပြရွာတွေကို စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေက ဒီနေ့မနက် မုံရွာမြို့မှာ ဆုချီးမြှင့် ပေးအပ်ခဲ့ပါတယ်။

မုံရွာမြို့တော်ခန်းမမှာ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ဦးဆောင်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ထင်းအစားအခြားလောင်စာသုံး ထူးချွန်စံပြကျေးရွာ ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်ပေးအပ်ခဲ့တာပါ။

တိုင်း ၃ ခုက ထူးချွန်စံပြကျေးရွာတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဇီးပေါက်ကျေးရွာ၊ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်ရပ်ကြီးကျေးရွာနဲ့ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ဇီးပင်တွင်းကျေးရွာက ပြည်သူတွေကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပူပိုင်းဒေသရဲ့ ထင်းအစား အခြားလောင်စာတိုးမြှင့်သုံးစွဲရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေမှာ ဒေသခံလူထုက ပိုပြီး တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာစေဖို့ ရည်ရွယ်ပြီး စံပြကျေးရွာတွေကို အခုလို နှစ်စဉ် ရွေးချယ်ပြီး ဆုချီးမြှင့်ရတာဖြစ်တယ်လို့ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင်သစ်ထုတ်တာနဲ့ ထင်းလောင်စာထုတ်တာကို နှိုင်းယှဉ်ကြည့်ရင် သစ်အများဆုံးထုတ်တဲ့နှစ်မှာ ကုဗတန်ချိန် ၁၉ သိန်းကျော်ရှိပြီး ထင်းထုတ်တာပ ၂၀၁၄ ခုနှစ် တနှစ်အတွင်းမှာ ကုဗတန် ၁၈၉ သိန်းကျော်ရှိတာကြောင့် အချိုးအားဖြင့် ၁း၁၀ ဖြစ်တယ်လို့ လေ့လာဆန်းစစ်မှု စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013