DVB Logo
Home
မြန်မာသတင်း
သမ္မတသစ်လက်ထက် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုသဘောထား သုံးသပ်ချက် ထုတ်ပြန်
DVB
·
March 31, 2018
သမ္မတသစ်လက်ထက် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုသဘောထား သုံးသပ်ချက် ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံရဲ့ (၁၀) ယောက်မြောက် သမ္မတသစ် ဦးဝင်းမြင့်လက်ထက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ဖို့ လူထုသဘောထားလေ့လာသုံးသပ်ချက်အစီရင်ခံစာကို ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်မြို့ Orchid Hotel မှာ မတ် ၃၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် အခြေခံဥပဒေပါ အခန်း (၅) အုပ်ချုပ်ရေးကဏ္ဍထဲမှာရှိတဲ့ ပုဒ်မ ၂၈၈ နဲ့ ၂၈၉ တို့ကို လက်တွေ့ကျကျ ပြင်ဆင်နိုင်အောင် လူထုသဘောထား အစီရင်ခံစာကို ထုတ်ပြန်လိုက်ရတာလို့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီက ပြောပါတယ်။

ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့်တို့ရဲ့အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းတွေ တာဝနပေးဆောင်ရွက်ရမယ်ဆိုတဲ့ မူလပုဒ်မ ၂၈၈ ကို ခရိုင်အုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာခရိုင်ဖွဲ့စည်းမှုမှာ ပါဝင်တဲ့ မြို့နယ်ထဲက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေက ရွေးကောက်တင်မြှောက်ရမှာဖြစ်ပြီး တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အစိုးရဝန်ကြီးချုပ်က အတည်ပြုခန့်အပ်ရမယ်။

မြို့နယ်အုပ်ချုပ်ရေးမှူးကို မြို့နယ်အတွင်းမှာရှိတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေက ရွေးကောက်တင်မြောက်ရမှာဖြစ်ပြီး တိုင်းဒေသကြီး ဒါမှမဟုတ်ပြည်နယ်အစိုးရဝန်ကြီးချုပ်က အတည်ပြုခန့်အပ်ရမယ်လို့ အစားထိုးပြင်ဆင်သင့်ကြောင်း ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီက မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

ဒါအပြင် ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနဲ့အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်အပ်ရမယ်လို့ ပြဌာန်းထားတဲ့အစား ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးကို ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေက ရွေးကောက်တင်မြောက်ရမှာဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက အတည်ပြုခန့်အပ်ရမယ်လို့ အစားထိုးပြင်ဆင်သင့်ကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
သမ္မတသစ်လက်ထက် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုသဘောထား သုံးသပ်ချက် ထုတ်ပြန်