DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအမတ် ဦးပေါခင် ကွယ်လွန်
DVB
·
March 31, 2018
အန်အယ်လ်ဒီအမတ် ဦးပေါခင် ကွယ်လွန်
Donate to DVB

ရွေးကောက်ပွဲ ၃ ကြိမ်ဆက်အနိုင်ရခဲ့သူ အန်အယ်လ်ဒီအမတ် ဦးပေါခင် (ခ) ဦးသက်လွင်ဟာ ဒီနေ့မနက်က ကွယ်လွန်သွားပါတယ်။
နှလုံးနဲ့ပတ်သက်လို့ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံနေရင်း ကွယ်လွန်သွားတာပါ။ ဦးပေါခင်ဟာ လက်ရှိမှာ မြင်းခြံမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပြီဖြစ်ပါတယ်။

မြင်းခြံမဲဆန္ဒနယ် ၁ က တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးချမ်းမြေ့က “သူက လွန်ခဲ့တဲ့ ၁ လခွဲ ၂ လလောက်ကတော့ နှလုံးသွေးကြောကျဉ်းလို့ ဆိုပြီး ချဲ့ထားတာတော့ ရှိတယ်။ အခုလည်း မန္တလေးဆေးရုံကြီးမှာ တက်နေရင်း ဆုံးတာပါ။ မနက်ဖြန် သင်္ဂြိုဟ်မှာပါ” လို့ ပြောပါတယ်။ ဦးပေါခင်ရဲ့ ရုပ်အလောင်းကို မြင်းခြံမြို့ကို ပြန်သယ်ယူပြီး အခုရောက်နေပြီလို့လည်း သူက ဆက်ပြောပါတယ်။

ဦးပေါခင်ဟာ ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူးဖြစ်သလို မြင်းခြံမြို့နယ် အန်အယ်လ်ဒီပါတီ အလုပ်အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အန်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲ ၃ ကြိမ်ဆက် အနိုင်ရခဲ့သူတွေထဲက တယောက်ဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲကနေ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်မှာတော့ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013