DVB Logo
Home
မြန်မာသတင်း
အလုပ်သမားဆန္ဒပြမှု အချို့ပြေလည်မှုရရှိ၊ အချို့စတင်ဆန္ဒပြ
DVB
·
June 1, 2012
အလုပ်သမားဆန္ဒပြမှု အချို့ပြေလည်မှုရရှိ၊ အချို့စတင်ဆန္ဒပြ
Donate to DVB

ရန်ကုန်တိုင်း လှိုင်သာယာ၊ ရွှေပြည်သာ စက်မှုဇုန်တွေက စက်ရုံတွေ ဆန္ဒပြမှုမှာ အလုပ်ရှင်နဲ့ပြေလည်မှု တချို့ရသွားပြီးတဲ့နောက်  နောက်ထပ် စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေကလည်း အခြေခံ လစာ တိုးမြှင့်ရေး ဆန္ဒပြကြ ပါတယ်။

လှိုင်သာယာစက်မှုဇုန်က ၀ိုင်ဂျေ၊ ပုလဲ၊ စံပယ်ပွင့်၊ နေမင်းရောင်၊ တိုးမြင့်အောင် အထည်ချုပ်စက်ရုံတွေ၊ တိုက်ကြီးမြို့နယ်က MGE အထည်ချုပ်စက်ရုံနဲ့ မှော်ဘီမြို့နယ်က ရန်ကုန် သံမဏိစက်ရုံ အလုပ်သမားတွေရဲ့ အခြေခံလစာ တိုးမြင့်ရေး ဆန္ဒပြမှုတွေမှာ အလုပ်ရှင်ဘက်က လိုက်လျောပေးခဲ့ ပါတယ်။

[caption id="attachment_26184" align="alignleft" width="300" caption="ဟိုင်မိုစက်ရုံ အလုပ်သမားများ ဆန္ဒပြနေစဉ်"][/caption]

ဒီလို ဆန္ဒပြမှုတွေပြီးတဲ့နောက် အလုပ်ရှင်ဘက်က လစာတိုးမြှင့်ဖို့ သဘောတူလိုက်လျောပေးခဲ့ကြ တာကြောင့်   တခြား စက်ရုံတွေက လည်း အခြေခံ လစာတိုးမြှင့်ရေးအတွက် ဆန္ဒပြကြပါတယ်။

လှိုင်သာယာ စက်မှုဇုန်ထဲက မြင့်မြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမား ၄၀၀ လောက်ဟာ ဒီနေ့မနက် မရမ်းကုန်း ၈ မိုင်မှာ သွားရောက် ဆန္ဒပြနေတယ်လို့ အလုပ်သမား အရေးဆောင်ရွက်ပေးတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မသက်သက် အောင်က ပြောပါတယ်။

အလားတူ မေလ ၂၉ ရက်နေ့က စတင် ဆန္ဒပြခဲ့တဲ့ မြန်မာစန္ဒီ ဖိနပ်စက်ရုံက ဆန္ဒပြ အလုပ်သမားတွေကို အလုပ်ရှင်က ၃ ရက်အတွင်း အလုပ်ပြန်ဝင်ဖို့ မ၀င်ရင် အလုပ်ထုတ်မယ် ဆိုပြီး ဒီနေ့ စာကပ်တယ် လို့ ပြောပါတယ်။

“မနက်ကတော့ ကျမကို စန္ဒီ အထည်ချုပ်ကလည်း ဖုန်းဆက်တယ်။ သူတို့ မနေ့က တောင်းဆိုတာတွေကိုတဲ့ မပေးဘူးတဲ့။ ၅၀၀၀ ပဲကွာတာကိုပေါ့နော် ထပ်မတိုးလာဘဲနဲ့။ သူတို့ကို ဒီ ၃ ရက်အတွင်းမှာမှ ပြန်မဝင်ဘူး ဆိုလို့ရှိရင် အဆောင်မှာ နေတဲ့လူတွေပါ အဆောင်ကနေ ထုတ်ပစ်မယ် ဆိုပြီးတော့ စာကို တရားဝင် ထုတ်ထားတယ်လို့ ပြောတယ်။”

အက်(စ်)စကွဲဖိနပ်စက်ရုံက ဆန္ဒပြအလုပ်သမားတွေကိုတော့ လာမယ့် တနင်္လာနေ့မှာ လာရောက်ညှိနှိုင်းပေးမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ဦးစိုးဝင်းက ပြောသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းလောက်ကတည်းက စတင်ဆန္ဒပြတဲ့ ဟိုင်မို ဆံပင်တုစက်ရုံက အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို အလုပ်ရှင်က အခုချိန်ထိ လိုက်လျောမှုမရှိသေးပါဘူး။ အလားတူ လှိုင်သာယာစက်မှုဇုန်တွေက တော်ဝင်မြန်မာ၊ Hall Mar၊  ငွေကန့်ကော်၊ မြန်မာ စီအန်အန်၊ မြင့်မြန်မာ၊ စက်ရုံတွေနဲ့  ရွှေပြည်သာစက်မှုဇုန်က ကမ္ဘာ၊ ဟော့စထရက် စတဲ့ အထည်ချုပ်စက်ရုံတွေက အလုပ်သမားတွေကတော့ အခြေခံလစာတိုးမြှင့်ရေး ဆန္ဒပြနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013