DVB Logo
Home
မြန်မာသတင်း
ကယန်းဒေသတွင်း ဆရာလိုအပ်ချက်ဖြည့်နိုင်ရန် လူငယ်များမှ စေတနာ့ဝန်ထမ်းဆောင်ရွက်နေ
DVB
·
March 31, 2018
ကယန်းဒေသတွင်း ဆရာလိုအပ်ချက်ဖြည့်နိုင်ရန် လူငယ်များမှ စေတနာ့ဝန်ထမ်းဆောင်ရွက်နေ
Donate to DVB

ကယန်း​ဒေသတွင်း စာသင်​​ကျောင်း​တွေမှာ အစိုးရ ဆရာ၊ ဆရာမတွေ ​ အလုံအ​​လောက်​မရှိတာကို နှစ်​စဉ်​ ကြုံနေရတာကြောင့် ဒီလိုအပ်​ချက်​ကို ဖြည့်​ဆည်းနိုင်​ဖို့ ကယန်းမျိုးဆက်​သစ်​လူငယ် ​(​ကေအန်​ဂျီဝိုင်​) အဖွဲ့က ​စေတနာ့ဝန်​ထမ်း​ ဆရာဖြစ်​ ​သင်​တန်း​​တခု ပြုလုပ်နေပါတယ်။

၂ လ ကြာမြင့်မယ့် ဒီ​​​သင်​တန်းကို ကယန်းမျိုးဆက်​သစ်​လူငယ်​အဖွဲ့ရဲ့ ​လေ့လာ​ရေးစင်​တာမှာ ပြုလုပ်​​နေတာဖြစ်​ပြီး လူငယ်​ အ​ယောက်​ ၆၀ ကို ​လေ့ကျင့်​သင်​ကြား​ပေး​နေတာပါ။ သင်​တန်းမှာ ဆရာတ​ဦး သိထားရမယ့်​ တာဝန်​ဝတ္တရား​တွေ၊ ​ကျောင်းသင်​​ထောက်​ကူ ပစ္စည်းဖန်​တီးတာ​တွေ၊ သင်​ကြား​ရေးနည်းလမ်း၊ ကယန်းစာ​ပေနဲ့ အ​ခြေခံ အင်္ဂလိပ်​စာ စတဲ့ ဘာသာရပ်​​တွေကို သင်​ကြား​ပေး​နေပါတယ်။

စေတနာ့ထမ်းဖြစ်​ဖို့ စိတ်​ဝင်​စားတဲ့ ကချင်​ပြည်​နယ်​က လူငယ်​ ၅ ယောက်လည်း ပါဝင်​တက်​​ရောက်​​နေပါတယ်​။

ကယန်း​ဒေသဟာ လမ်းပန်းဆက်​သွယ်​​ရေး ခက်​ခဲတာနဲ့ ကရင်​ပြည်​နယ်​၊ ကယားပြည်​နယ်​၊ ရှမ်းပြည်​နယ်​နဲ့ ​နေပြည်​​တော်​ ​ကောင်​စီနယ်​​မြေ​တွေရဲ့ အစွန်​အဖျား​တွေမှာ ရှိ​နေတာ​ကြောင့်​ ပညာ​ရေးအတွက်​ ပိုပြီး အခက်​ခဲဖြစ်​​နေရတာပါ။

ကယန်း​ဒေသမှာရှိတဲ့ က​လေး​တွေရဲ့ ပညာသင်​ယူနိုင်​ခွင့်​ အခွင့်​အ​ရေး​တွေ မဆုံးရှုံး​​စေဖို့ ရည်​ရွယ်​ လုပ်​​ဆောင်​​​နေတဲ့ ဒီအစီအစဉ်​ကို ၂၀၁၂ ခုနှစ်​ ကတည်းက စတင်​အ​ကောင်​အထည်​​ဖော်​ခဲ့တာပါ။ ကယန်းမျိုးဆက်​သစ်​လူငယ်​အဖွဲ့ဟာ ၂၀၁၂- ၁၃ ပညာသင်​နှစ်​ကစပြီး ​စေတနာ့ဝန်​ထမ်း အယောက် ၁၀၀ ကို နှစ်​စဉ်​ ​မွေးထုတ်​ပြီး ကယန်း​ဒေသတွင်းက စာသင်​​ကျောင်း​တွေကို ​စေလွှတ်​​နေပါတယ်​။

လာမယ့်​ ၂၀၁၈- ၁၉ ပညာသင်​နှစ်​မှာတော့ အရင်​နှစ်​က ​တာဝန်​ထမ်း​ဆောင်​ခဲ့ပြီးတဲ့ ​စေတနာ့ဝန်​ထမ်း အယောက် ၁၀၀ ထဲကနဲ့ အခု သင်​တန်းတက်​​နေတဲ့ လူငယ်​​ ၆၀ ထဲကနေ အယောက် ၁၀၀ ကို​ စိစစ်​​ရွေးချယ်​ပြီး ဆရာ၊ ဆရာမ လိုအပ်​​နေတဲ့ ​ကျောင်း​တွေကို ​စေလွှတ်​သွားမှာ ဖြစ်​ပါတယ်​။

သတင်း-ခွန်တူးတူးလေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013