DVB Logo
Home
မြန်မာသတင်း
မြောက်ဦးရှေးဟောင်း ပုံတူဘုရားစေတီပုထိုးတည်ဆောက်မှု အရန်ပုထိုးများ ၇၅ ရာခိုင်နှုန်းပြီးစီး
DVB
·
March 31, 2018
မြောက်ဦးရှေးဟောင်း ပုံတူဘုရားစေတီပုထိုးတည်ဆောက်မှု အရန်ပုထိုးများ ၇၅ ရာခိုင်နှုန်းပြီးစီး
Donate to DVB

 

ပြည်တွင်းပြည်ပခရီးသည်တွေ သိရှိခံစားနိုင်ဖို့ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်လက်ရာပုံတူ ဘုရားစေတီပုထိုးတွေကိုငပလီမြို့မှာ တည်ဆောက်နေပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လက်ရာပုံတူ ဘုရားစေတီပုထိုးတွေကို ငပလီမြို့ မြပြင်ရပ်ကွက်မှာ တည်ဆောက်နေတာဖြစ်ပြီး အရံပုထိုးတွေ တည်ဆောက်နေတာတွေဟာ (၇၅) ခိုင်နှုန်းပြီး စီးနေပြီးဖြစ်တယ်လို့” ဘုရားပထိုးဖြစ်မြောက်ရေး ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးမြင့်ဇော်က ပြောပါတယ်။

“ဒီဇင်ဘာ ၁၆ ရက်ကနေပြီးတော့ ကျနော်တို့လုပ်ဖြစ်တယ်။ အလုပ်ချိန်လည်းသိပ်မရှိတော့၊ အခုဆိုရင် အရံ စေတီပေါင်း ၆၅ ဆူ ပြီးလုနီးပါးဖြစ်နေပြီ။ အားလုံးတော့ ဒီနှစ် ၉၉ ဆူတည်ဖို့မျော်မှန်းထားတယ်။ အရံပုထိုး ကတော့ အခုလက်ရှိအတိုင်းအတာအနေနဲ့ ၇၅ ရာခိုင်နှုန်းလောက်ပြီးပါပြီ၊ ပင်မပုထိုးတော်ကြီးကတော့ အုပ်မြစ်ချပြီးတော့ တက်လာတယ်။ မြေပြင် ကရောင်းအဆင့်လောက်ပဲ ရှိသေးတယ်။ ဒီနှစ်သင်္ကြန်အကုန် လောက်ပဲပုထိုးတော်ကြီး စပြီး တည်းနိုင်တဲ့အဆင့်တော့ဖြစ်လာမှာ”လို့ပြောပါတယ်။

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်လက်ရာပုံတူ ဘုရားစေတီပုထိုးများ ရှေးဟောင်း သုတေသနတွက်ချက်ထားတဲ့ ဒီဇိုင်းအပါအဝင်ပညာရှင်တွေ ဆီကအကူအညီအနဲ့ တည်ဆောက်နေတာဖြစ်တယ်လို့ ရှေးဟောင်းဗိသုကာပညာရှင်တဦးဖြစ်တဲ့ မြရတနာစေတီပုထိုး ဆောက်လုပ်ရေး တာဝန်ခံ ဦးထိန်းလင်းက ပြောပါတယ်။

“ရှေ့ဟောင်းသုတေသန တွက်ချက်ထားတဲ့ဒီဇိုင်း၊ မော်ဒန်တွေ၊ နောက်ပြီးတော့ ကိုယ်တိုင်းကွင်းဆင်းပြီး တော့တိုင်းထွာခဲ့တာတွေ ကြည့်ပြီးတော့ ဒါကိုဒီမှာတည်မယ်ဆိုပြီးတော့ သွားလေ့လာခဲ့တယ်။ နောက်ပြီး ဒီဘက်က ဂေါပကတွေရဲ့ အတည်ပြုချက်၊ နောက်ဆရာတော်ကြီးရဲ့နှစ်သက်မှု ဒီလိုနဲ့ အတည်ပြုပြီး ဒါတွေကိုစတင် တာဖြစ်ပါတယ်။ မြောက်ပုံစံတူတွေ ထုတ်ထားတဲ့ 3D တွေရှိတယ်။ အဲဒီ 3D တွေကို မိတ်ဆွေတွေရဲ့ အကူအညီနဲ့ ရပါတယ်။ ရှေ့ဟောင်းပညာရှင်တွေရဲ့ အညီအကူအညီပုံစံတူ ဆောက်လုပ်နေတာ” လို့ ပြောပါတယ်။

ရခိုင့်ရှေးဟောင်းပုံစံ ဘုရားစေတီပုထိုးများကို ရခိုင့်ရှေးဟောင်းပုံစံ ဘုရားစေတီပုထိုးများကို ငပလီကမ်းခြေမြို့ တည်ထားကိုးကွယ်ရတာဟာ ရည်ရွယ်ချက်(၃)ချက်ရှိတယ်လို့ မြရတနာဘုရား ပထိုးဖြစ်မြောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးမြင့်ဇော် က ပြောပါတယ်။

“ကျနော်တို့ မြပြင်ရပ်ကွက် ဆရာတော်ဘုရားကြီးက ဝါတော်ဆိုရင်(၇၃)ဝါ သက်တော်ဆိုရင်(၉၃)နှစ်ရှိပြီ၊ ဆရာတော်ကို ပူဇော်ချင်တဲ့ဆိုတဲ့ တချက်ရယ်၊ နံပတ် ၂ အချက်က အခြားတဖက်က ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ချက်ပေါ့။ နောက်တချက်ကတော့ ကျနော်တို့ ရခိုင်ပြည်နယ်မှာ တောင်ပိုင်းမြောက်ပိုင်း ဆိုပြီးတော့ ဖြစ်နေတဲ့အပေါ်လေးတွေမှာ ပိုပြီးစည်းလုံးညီညွတ်သွားစေချင်လို့ မြောက်ဦးလက်ရာ မြောက်ဦးယဉ်ကျေးမှု တွကိုတည်ထားကိုးကွယ်တာဖြစ်ပါတယ်။”

အခု တည်ဆောက်ဆဲ မြောက်ဦးလေးမျက်နှာ ဘုရားပုထိုးတော်ကြီးကို ရှေ့ဟောင်သုတေသနပညာရှင်တွေ ခေါ်ယူတည်ဆောက်နေတာဖြစ်ပြီး ငလျှင်ဒဏ်၊ မြေပြို၊ ရေတိုက်စားမှုမရှိအောင်လည်း အခိုင်အမာ တည်ဆောက်နေတာလို့ ရှေးဟောင်း ဗိသုကာပညာရှင်တဦးဖြစ်တဲ့ မြရတနာစေတီပုထိုးဆောက်လုပ်ရေးတာဝန်ခံ ဦးထိန်းလင်း  က ပြောပါတယ်။

မြောက်ဦးလေးမျက်နှာဘုရားပုံတူ ပုထိုးတော်ကြီးတည်ဆောက်မှုမှာ ခန့်မှန်းခြေ ကုန်ကျမယ့်ပမာဏ သိန်း ၄ ထောင်ကျော်ကုန်နိုင်ပြီး လာမယ့်နှစ်ကုန်လောက်မှာ အပြီးသတ်ပြီးစီးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ဒီပုတူပုထိုးစေတီတွေကိုငပလီကမ်းခြေမြပြင်ရက်ကွက်မှာရှိတဲ့မြရတနာတောင်ကုန်းပေါ်ရှိတဲ့ အကျယ်အဝန်း ပမာဏမြေ(၆.၇)ဧက တည်ဆောက်နေတာဖြစ်ပြီး မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်လက်ရာပုံတူ ဘုရားစေတီပုထိုးတွေဖြစ်မြောက်ဖို့ မြရတနာ ဘုရားပထိုးဖြစ်မြောက်ရေးကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ဇော်နဲ့ စေတနာရှင်အချို့က သိန်း(၁၀၀၀)ကျော် မ တည်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013