DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
March 30, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၄,၈၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၂,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ရန်ကုန်နဲ့ မုံရွာ ကုန်စည်ဒိုင် တအိတ်ကို ၂,၈၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၃၈,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၃၆,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ထောပတ်ပဲ
ရန်ကုန် ကုန်စည်ဒိုင်မှာ ထောပတ်ပဲက တတင်းကို ၂၉,၇၀၀ ကျပ်ကနေ ငွေကျပ် ၃၄,၅၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၁,၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တတင်းကို ၃၄,၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မုံရွာကုန်စည်ဒိုင် တတင်းကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စွန်တာပဲ
ရန်ကုန် ကုန်စည်ဒိုင်မှာ စွန်တာပဲက တတင်းကို ၂၄,၇၀၀ ကျပ်ကနေ ငွေကျပ် ၂၅,၂၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၃၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တတင်းကို ၂၂,၁၀၀ ကျပ် ပေါက်ဈေးရှိပြီး ရန်ကုန်နဲ့ ပခုက္ကူကုန်စည်ဒိုင် တတင်းကို ၃,၃၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ v2
ကုလားပဲ အဓိကထွက်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ကုလားပဲ v2 က တတင်းကို ငွေကျပ် ၂၄,၀၀၀ ပေါက်ဈေးရှိပြီး တတင်းကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တတင်းကို ၂၃,၄၅၀ ကျပ် ပေါက်ဈေးရှိပြီး တတင်းကို ၄၀၀ ကျပ် ဈေးတက်လာပါတယ်။

မြေပဲဆံနီ
အောင်လံကုန်စည်ဒိုင်မှာ မြေပဲဆံနီက တပိဿာကို ၂,၂၂၅ ကျပ်ကနေ ငွေကျပ် ၂,၂၅၀ ရှိပြီး တပိဿာကို ၂၅ ကျပ် ဈေးတက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တပိဿာကို ၂,၂၀၀ ကျပ်ကနေ ၂,၂၅၀ ကျပ် ပေါက်ဈေးရှိပြီး အောင်လံနဲ့ မုံရွာကုန်စည်ဒိုင် တပိဿာကို ၂၅ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေထဲက မြေပဲဆံနီကတော့ ဈေးကျဆင်းနေပါတယ်။ ကုန်စည်ဒိုင်တွေကို ပဲအဝင်တွေ ရှိပေမယ့် ဆီစက်သမားတွေ အဝယ်နည်းတဲ့အတွက် ဈေးက ကျဆင်းခဲ့တာပါ။ မတ်ပဲကတော့ လအစပိုင်းကနေ စပြီး တဖြည်းဖြည်း ဈေးကျဆင်းခဲ့ပါတယ်။ လက်ရှိမှာ တလအတွင်း တပိဿာကို ၂၀၀ ကျပ်ကျော် ဈေးကျဆင်းသွားပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013