DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်ကို ကြိုဆိုပွဲ သမ္မတအိမ်တော်တွင် ကျင်းပ (သတင်းဓာတ်ပုံ)
DVB
·
March 30, 2018
နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်ကို ကြိုဆိုပွဲ သမ္မတအိမ်တော်တွင် ကျင်းပ (သတင်းဓာတ်ပုံ)
1 / 7
Donate to DVB

မြန်မာနိုင်ငံရဲ့ သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ကြိုဆိုတဲ့ အခမ်းအနားကို ဒီကနေ့ မတ်လ ၃၀ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ ကျင်းပပါတယ်။

သမ္မတသစ် ဦးဝင်းမြင့်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် ဒုတိယသမ္မတတွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေအပြင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။

သမ္မတ ဦးထင်ကျော် မတ်လ ၂၁ ရက်က ရာထူးတာဝန်ကနေ နုတ်ထွက်ခဲ့တာကြောင့် နိုင်ငံတော်သမ္မတသစ်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၇ ရက်အတွင်းမှာပဲ လွှတ်တော်က ရွေးချယ်တင်မြှောက်ခဲ့တာပါ။

ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်မယ့် ဦးဝင်းမြင့်ဟာ ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်မှာ ကတိသစ္စာပြု မိန့်ခွန်းပြောကြားခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ တာဝန်တွေကို စတင်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

Photo - Ko Latt/ Pool Photo

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013