DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပွား၍ ၁ဦးသေ၊ ၁ဦးဒဏ်ရာရ
DVB
·
March 30, 2018
ပုဏ္ဏားကျွန်းတွင် ရဲတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပွား၍ ၁ဦးသေ၊ ၁ဦးဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာ ကားဂိတ်မှာ လုံခြုံရေး တာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်အချင်ချင်း အချင်းများ ရန်ဖြစ်ရာက သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့  ဒုတပ်ကြပ်တဦး သေဆုံးပြီး ရဲအုပ်တဦး ဒဏ်ရာရရှိသွားပါတယ်။

မတ်လ ၂၉ ရက်ည ၈ နာရီ ၁၅ မိနစ်မှာ ယိုးတရုတ်ကားဂိတ်မှာ လူကြီးလမ်းကြောင်းရှိလို့ ရဲတပ်ဖွဲ့ဝင်သုံးဦးကို လုံခြုံရေးချပေးထားစဉ်မှာ ရဲအုပ်တဦးနဲ့ ရဲတပ်သားတဦး အချင်းများ ရန်ဖြစ်ခဲ့တာလို့ အမည်မဖော်လိုသူ ရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က လူကြီးလမ်းကြောင်းမှာ တပ်ဖွဲ့ဝင် သုံးယောက် တာဝန်ချပေးတယ်။ အဲဒီမှာ လူကြီးလမ်းကြောင်း လာနေပြီ၊ သေချာလုံခြုံရေးယူပေးဖို့ ပြောကြတယ်။ အဲဒီမှာ တခြားရဲတဦး ဝင်လာတယ်။ အဲဒီမှာ စကားအချေအတင်များကြတယ်။ အဲဒီမှာ စခန်းမှူးက ရဲတပ်သားကို လက်သီးနဲ့ထိုးတယ်။ ရဲတပ်သား ကျော်​အောင်​ဝင်းကလည်း ဓားနဲ့ လိုက်ထိုးတယ်။ စခန်းမှူးကိုပေါ့။ အဲဒီမှာ စခန်းမှူးက ခြောက်လုံးပြူးသေနတ်နဲ့ ပစ်တယ်။ ရဲတပ်သားကတော့ သေနတ်ပစ်ချက် ဒဏ်ရာနဲ့ ဆေးရုံမှာ ဆုံးသွားတယ်။ ဓားနဲ့အထိုးခံရတဲ့ ရဲအုပ်ဘစံကတော့ ဘေးဘက် နားထင် နောက်ပြတ်ရှဒဏ်ရာ ရရှိသွားပြီး ယိုးတရုတ်ဆေးရုံမှာ ဆေးကုသခံနေရတယ်။”

အဲဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာကဘယ်လို အရေးယူ ဆောင်ရွက်နေတယ်ဆိုတာ လောလောဆယ် မသိရသေးဘူးလို့ ရဲအရာရှိက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013