DVB Logo
Home
မြန်မာသတင်း
စင်​ကာပူတွင် ပြသမည့် ဥပါယ်​တံမျဉ်​ရုပ်​ရှင်​လက်​မှတ်​ အ​စောင်​​ရေ ၉၀၀၀ ရောင်းချ
DVB
·
March 30, 2018
စင်​ကာပူတွင် ပြသမည့် ဥပါယ်​တံမျဉ်​ရုပ်​ရှင်​လက်​မှတ်​ အ​စောင်​​ရေ ၉၀၀၀ ရောင်းချ
Donate to DVB

ဥပါယ်​တံမျဉ် ရုပ်ရှင်​ဇာတ်​ကားကို စင်​ကာပူနိုင်​ငံ Carnival ရုပ်​ရှင်​ရုံမှာ ၃ ရက်​ကြာ ရုံတင်​ပြသသွားမှာဖြစ်ပြီး  ရုပ်​ရှင်​လက်​မှတ်​အ​စောင်​​ရေ ၉၀၀၀ လုံး ​ရောင်းကုန်​သွားပြီလို့ သိရပါတယ်​။

စင်​ကာပူနိုင်​ငံရဲ့ အများပြည်​သူ ရုံးပိတ်​ရက်​​တွေဖြစ်​တဲ့ မတ်​လ ၃၀၊ ၃၁ ရက်​နဲ့​ ဧပြီလ ၁ ရက်​​နေ့တွေမှာ​ ​နေ့လယ်​ ၁၂ နာရီခွဲ၊ ၃ နာရီနဲ့ ၆ နာရီ တနေ့ ၃ ကြိမ် ​ပြသသွားမှာ ဖြစ်​ပါတယ်​။ ရုပ်​ရှင်​တ​ချိန်​အတွက်​ လက်​မှတ်​အ​စောင်​​ရေ ၁၀၀၀ ​ရောင်းချခဲ့တာ ဖြစ်​ပါတယ်​။

ဇာတ်​ကားမှာ ပါဝင်​သရုပ်ဆောင်ခဲ့ကြတဲ့ ဇဏ်​ခီနဲ့ ​အောင်​မြင့်မြတ်​၊ ဒါရိုက်​တာခရစ္စတီးနားခီနဲ့ ထုတ်​လုပ်​သူတို့လည်း စင်​ကာပူနိုင်​ငံကို ​ရောက်​ရှိ​နေသလို ရုပ်​ရှင်​ပြသ​နေတဲ့ ၃ ရက်​လုံး ​နေ့လယ်​ ၁ နာရီခွဲက​နေ ၃ နာရီအထိ ပရိတ်သတ်နဲ့တွေ့ဆုံ လက်​မှတ်​ထိုး​ပေးသွားမယ်​လို့ သိရပါတယ်​။

မတ်​လ ၃၀ ရက်​​နေ့ညမှာ​တော့ စင်​ကာပူ​ရောက် ​မြန်​မာ​တွေက ဥပါယ်​တံမျဉ် ​ဇာတ်​ကားမှာ ပါဝင်​ခဲ့ကြသူ​တွေကို ညစာနဲ့ ဧည့်ခံမှာဖြစ်​ပြီး​တော့ ​နောက်​ဆုံး​နေ့မှာ​တော့ ဥပါယ်​တံမျဉ်​ ဇာတ်​ကားမှာ ပါဝင်​သူ​တွေက ပြန်​လည်​ဧည့်ခံသွားမယ်​လို့ သိရပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013