DVB Logo
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် လှေလုပ်ငန်းပိုင်ရှင်က ရေလုပ်သား ၂၃ ဦးကို တရားစွဲ
DVB
·
March 30, 2018
ရေးမြို့နယ်တွင် လှေလုပ်ငန်းပိုင်ရှင်က ရေလုပ်သား ၂၃ ဦးကို တရားစွဲ
Donate to DVB

မွန်ပြည်နယ် ရေးမြို့နယ်က လှေလုပ်ငန်းပိုင်ရှင်တဦးက ရေလုပ်သား ၂၃ ယောက်ကို လှေမီးရှို့တယ်လို့ စွပ်စွဲပြီး တရားစွဲဆိုထားပါတယ်။

တရားစွဲခံရတဲ့ ရေလုပ်သားအဖွဲ့ခေါင်းဆောင် ဦးသန်းအေးက “ရေလုပ်သားတွေက လှေကို မီးရှို့တယ်ဆိုပြီး လုပ်ငန်းရှင်ကအမှုဖွင့်တာ လုပ်အားခမရှင်းပေးချင်လို့ပါ။ အမှုဖွင့်တာ မဖြစ်သင့်ဘူး။ လုပ်အားခရဖို့အတွက်တော့ ဥပဒေအရ ဆက်လက်ရင်ဆိုင်သွားပါမယ်”လို့ ပြောပါတယ်။

တရားစွဲတဲ့ ရေလုပ်ငန်းရှင် ဦးအောင်ကျော်စိုးကတော့ ရေလုပ်သားတွေရဲ့ လုပ်ခလစာတွေကို ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ရဲ့ အဆုံးအဖြတ်နဲ့အညီ ရသင့်ရထိုက်တာကို ပြန်လည်ရှင်းပေးသွားမယ်လို့ ပြောပါတယ်။

ရေလုပ်သားနဲ့ အလုပ်ရှင်အကြား ပြဿနာကို  မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ကူညီဖြေရှင်းပေးသွားမှာ ဖြစ်သလို လှေမီးလောင်မှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက်လည်း မတ်လ ၂၉ ရက် မနက်က စတင်စစ်ဆေးနေပါတယ်။

သတင်း - နေမျိုးထွဋ် (ရေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013