DVB Logo
Home
မြန်မာသတင်း
သံသယရှိသူအား ရဲကဖမ်းဆီးနှိပ်စက်မှု လူ့အခွင့်အရေးကော်မရှင် ကွင်းဆင်းစစ်ဆေး
DVB
·
March 29, 2018
သံသယရှိသူအား ရဲကဖမ်းဆီးနှိပ်စက်မှု  လူ့အခွင့်အရေးကော်မရှင် ကွင်းဆင်းစစ်ဆေး
Donate to DVB

လပွတ္တာမြို့နယ်၊ ပိုးလောင်းရဲကင်းစခန်းမှာ လူနှစ်ဦးကို ခိုးမှု၊ မသင်္ကာမှုနဲ့ စစ်ဆေးတာမှာ ကိုယ်အင်္ဂါ ထိခိုက်တဲ့အထိ နှိပ်စက်မေးမြန်းပြီး ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တာနဲ့ပတ်သက်လို့ မတ်လ ၂၉ ရက် ဒီကနေ့မှာပဲ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ် ဦးဆောင်ပြီး ကွင်းဆင်းစစ်ဆေးနေပါတယ်။

ဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေအထိ ကွင်းဆင်းပြီး အနီးစပ်ဆုံးတာဝန်ရှိသူတွေကို အမြန်ဆုံး စစ်ဆေးပြီး တပတ်အတွင်း တွေ့ရှိချက် အစီရင်ခံစာကို ထုတ်ပြန်သွားမယ်လို့ ကော်မရှင် အတွင်းရေးမှူး ဦးဘုန်းကြွယ်က ဒီဗွီဘီကို ပြောပါတယ်။

နှိပ်စက်ရာမှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် လေးဦးကို ဖမ်းဆီးထားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ဦးခင်မောင်လတ်က ပြောပါတယ်။

နှိပ်စက်ခံရတဲ့ ကိုစိုးမြတ်အောင်ကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က လာရောက်စစ်ဆေးပေးတဲ့အတွက် ဝမ်းမြောက်မိပြီး ကျူးလွန်သူတွေကို ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရတင် မဟုတ်ဘဲ တည်ဆဲဥပဒေတွေနဲ့ပါ အရေးယူပေးဖို့ ပြောပါတယ်။

ဇန်နဝါရီ ၁၉ ရက်က ဒေါ့ချောင်းကျေးရွာက နေအိမ်တအိမ်မှာ ငွေကျပ် သိန်း ၄၀၀ ပျောက်ဆုံးမှုနဲ့ပတ်သက်လို့ ကျေးရွာက လူတွေကို ခေါ်ယူစစ်ဆေးခဲ့သလို မသင်္ကာသူနှစ်ဦးကို ခေါ်ယူစစ်ဆေးရာမှာ ချုပ်ရက်ရမန်မယူဘဲ တလနီးပါး စစ်ဆေးခဲ့ပြီး အရေပြားအပေါ် ပလတ်စတစ်ကြိုးကို မီးရှို့ အစက်ချတာတွေ၊ ထုပ်တန်းပေါ်ကနေ ဇောက်ထိုးဆွဲတာနဲ့ ရိုက်နှက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ညှဉ်းပန်းနှိပ်စက်ခံရသူက တိုင်ကြားထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013