DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ ရေးမြို့သို့ ရောက်ရှိ
DVB
·
March 29, 2018
ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ ရေးမြို့သို့ ရောက်ရှိ
Donate to DVB

လာမယ့်တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ ပြည်သူတွေရဲ့ ငြိမ်းချမ်းရေး ဆန္ဒပြု လက်မှတ်တွေကို တင်သွင်းဖို့ လိုက်လံစုဆောင်းနေတဲ့ Wheel Chair ငြိမ်းချမ်းရေးတွဲလက်များ အဖွဲ့ဟာ ဒီမနက် မွန်ပြည်နယ်၊ ရေးမြို့နယ်ကို ရောက်ရှိပါတယ်။

တနင်္သာရီတိုင်း ကလိန်အောင်မြို့ကတဆင့် ရောက်လာတဲ့ အဲဒီအဖွဲ့ကို မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေ၊ အန်အယ်လ်ဒီ ပါတီ၊ ၈၈ ငြိမ်းပွင့်အဖွဲ့အပါအဝင် ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေက မွန်နဲ့တနင်္သာရီနယ်စပ် မလွှဲတောင်လမ်းပိုင်းအထိ သွားရောက်ကြိုဆိုခဲ့ကြပြီး ရေးမြို့အတွင်းသို့ ဝင်ရာလမ်းတလျှောက် ဒေသခံပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ မီဒီယာတာဝန်ခံ ဦးဇေယျာမင်းသျှင်က “မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အမြန်ဆုံး ရပ်ဆိုင်းသွားစေရေးနဲ့ ထာဝရရေရှည်တည်တံ့မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးကို အမြန်ဆုံးပေါ်ပေါက်လာဖို့အတွက် ပြည်သူလူထုတွေရဲ့အသံ၊ ပြည်သူလူထုတွေရဲ့ ဆန္ဒတွေနဲ့ တွန်းအားပေးနိုင်ဖို့အတွက်ပါ၊ ဖြတ်သန်းရာဒေသတွေဆီမှာ ငြိမ်းချမ်းရေး ဆန္ဒပြု လက်မှတ်တွေ ကောက်ယူမယ်၊ ငြိမ်းချမ်းရေးဆန္ဒပြုလွှာတွေ ဒါတွေကို စုစည်းပြီးတော့မှ မကြာခင်ကျင်းပတော့မယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ တင်ပြသွားသွားမယ်'' လို့ ဒီဗွီဘီကို ပြောပါတယ်။

မတ်လ ၁၈ ရက်က ကော့သောင်းမြို့က စတင်ထွက်ခွာလာခဲ့တဲ့ အဲဒီအဖွဲ့ကို ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းက ဦးဆောင်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ် ၂၁ မြို့နယ်သို့ မိုင် ၈၀၀ ကျော်ခန့် ခရီးဆန့်ခဲ့ပြီး ဖြစ်ပါတယ်။

ဖြတ်သန်းရာမြို့တွေအတွင်း လှည့်လည်ခြင်း၊ တေးဂီတတွေနဲ့ ဖျော်ဖြေခြင်း၊ ငြိမ်းချမ်းရေးအတွက် ဆန္ဒပြု လက်မှတ်ခြင်းတွေ ကောက်ယူခြင်းနဲ့ ဟောပြောခြင်းတို့ကို ဆောင်ရွက်နေပြီး ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းသူနဲ့ အမြင်အာရုံချို့တဲ့သူ အပါအဝင် အနုပညာရှင်တွေ၊ အုပ်ချုပ်အမှုအဖွဲ့ဝင်တွေ၊ ကူညီသူတွေ စုစုပေါင်း အဖွဲ့ဝင် ၆၄ ဦးတို့ လိုက်ပါလာခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း လက်မှတ်ပေါင်း ၂၀၀၀၀ ကျော် ရရှိထားပြီး ဒီနေ့ ရေးမြို့နယ်မှာ ညအိပ် ရပ်နားမှာဖြစ်ကာ မတ်လ ၃၀ ရက် မနက်မှာ ရေးမြို့နယ်မှ သံဖြူဇရပ်မြို့နယ်ကို ဆက်လက်ထွက်ခွာမယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013