DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွင်းသို့ မွတ်ဆလင်များ ဝင်ရောက်လာသည့်သမိုင်း မှတ်တမ်းပြုစုနေ
DVB
·
March 29, 2018
ရခိုင်ပြည်နယ်အတွင်းသို့ မွတ်ဆလင်များ ဝင်ရောက်လာသည့်သမိုင်း မှတ်တမ်းပြုစုနေ
Donate to DVB

 

ရခိုင်ပြည်နယ်အတွင်းသို့ မွတ်ဆလင်တွေ ဝင်ရောက်လာတဲ့သမိုင်းနဲ့ပတ်သက်ပြီး သမိုင်းသုတေသနဌာနက သုတေသနပြု လေ့လာမှတ်တမ်းတင်နိုင်ရေး ဆောင်ရွက်နေတယ်လို့  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ကို မွတ်ဆလင်တွေ ဝင်ရောက်လာတဲ့ သမိုင်းကို ရေးသားဖို့အတွက် နိုင်ငံတကာနဲ့ ပြည်တွင်းပညာရှင်တွေ ပြုစုထားတဲ့ အထောက်အထားတွေ၊ ဗြိတိသျှလက်ထက် စစ်တမ်းတွေ၊ အမိန့်တော်တွေ၊ အစိုးရ အဆက်ဆက် မှတ်တမ်းတွေစတဲ့ အထောက်အထား အခိုင်အမာ ပြည့်စုံစွာရရှိရေးနဲ့ ရရှိတဲ့ အထောက်အထားတွေကနေ သုတေသနပြုပြီး သမိုင်းမှန် ဖြစ်ရပ်မှန် အခြေအနေတွေကို  ဖော်ထုတ်ရေးသားနိုင်ဖို့ ပညာရှင်တွေက ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရှာဖွေဆဲ၊ သုတေသနပြုဆဲ ဖြစ်သလို အချက်အလက် အထောက်အထားတွေ ပိုမိုပြည့်စုံခိုင်မာလာအောင် ဆက်လက် ဆောင်ရွက်နေတယ်ပြီး အထောက်အထားခိုင်မာပြည့်စုံမှသာ အမျိုးသားအကျိုးစီးပွားကာကွယ်နိုင်ဖို့ အတွက် သမိုင်းအချက်အလက် အမှန်အတိုင်း ထုတ်နေိုင်ရေး ဆောင်ရွက်သွားမယ်လို့ လည်း ဆိုပါတယ်။

သမိုင်းကိုရေးသားပြုစုရာမှာ မြန်မာသမိုင်းအဖွဲ့ဝင် ဆရာကြီး၊ ဆရာမကြီးတွေရဲ့ သုတေသနပြု လေ့လာရှာဖွေတွေ့ရှိချက်တွေနဲ့ သမိုင်းစစ်သမိုင်းမှန်ဖြစ်ရေးအတွက် လွတ်လပ်စွာ ရေးသားပြုစုနိုင်ရေးတို့ကို ကူညီဆောင်ရွက်ပေးနေတယ်လို့ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ဆိုပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013