DVB Logo
Home
မြန်မာသတင်း
သင်္ကြန်တွင်း လိင်စိတ်ကြွဆေးဝါးများ လူငယ်များ မသုံးစွဲစေရန် ရှောင်တခင်စစ်ဆေး
DVB
·
March 29, 2018
သင်္ကြန်တွင်း လိင်စိတ်ကြွဆေးဝါးများ လူငယ်များ မသုံးစွဲစေရန် ရှောင်တခင်စစ်ဆေး
Donate to DVB

လာမယ့် မြန်မာရိုးရာ အတာသင်္ကြန်ရက်အတွင်းမှာ လိင်စိတ်ကြွဆေးဝါးတွေ လူငယ်တွေ မသုံးစေဖို့ ရည်ရွယ်ပြီး သက်ဆိုင်ရာက ဆေးဆိုင်တွေ၊ ကွမ်းယာဆိုင်တွေကို ပြည်မြို့နယ်မှာ ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။

သင်္ကြန်ကာလမှ မူးယစ်ဆေးဝါးတွေ၊ လိင်စိတ်ကြွဆေးဝါးတွေနဲ့ တရားမဝင်ဆေးဝါးတွေ ကို ပြည်သူတွေ မသုံးစွဲကြဖို့အတွက် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်းက ဆေးဆိုင်တွေနဲ့ ကွမ်းယာဆိုင်တွေကို မတ်လ၂၉ ရက်နေ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးတာလို့  ပြည်ခရိုင် FDA ဦးစီးအရာရှိ ဒေါက်တာစိုးသက်နောင်က ပြောပါတယ်။

စစ်ဆေးရေးအဖွဲ့တွေထဲမှာ FDA၊ မြို့နယ်စည်ပင်၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးတို့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။

တရားမဝင်ဆေးဝါးတွေနဲ့ လိင်စိတ်ကြွဆေးတွေ တွေ့ရှိခဲ့ရင် ထောင် ၇ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

ခုလို ပြည်မြို့မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် စစ်ဆေးစဉ်ကတော့  မှတ်ပုံတင်မထားတဲ့ ဆေးဝါးတွေ ဆေးဆိုင်နှစ်ဆိုင်မှာ တွေ့ရှိခဲ့လို့ တိုင်း FDA ကို တင်ပြထားပါတယ်။

အခုတကြိမ် စစ်ဆေးမှုမှာတော့ လိင်စိတ်ကြွဆေးတွေ မတွေ့ခဲ့ရပေမယ့် ခွင့်ပြုချက် လိုင်စင် မရှိဘဲ ရောင်းချနေတဲ့ ဆိုင်တဆိုင်က ဆေးဝါးတွေကိုတော့ FDA အဖွဲ့က သိမ်းယူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013