DVB Logo
Home
မြန်မာသတင်း
လေးဖြူသီဆိုသည့် 'ဒုဋ္ဌဝတီကိုလွန်၍' ရုပ်ရှင်ဇာတ်ဝင်တေး ပရိသတ်ကြား ရေပန်းစားနေ
DVB
·
March 29, 2018
လေးဖြူသီဆိုသည့် 'ဒုဋ္ဌဝတီကိုလွန်၍' ရုပ်ရှင်ဇာတ်ဝင်တေး ပရိသတ်ကြား ရေပန်းစားနေ
Donate to DVB

နာမည်ကြီး ရော့ခ်အဆိုတော် လေးဖြူသီဆိုထားခဲ့တဲ့  'ဒုဋ္ဌဝတီကိုလွန်၍' ရုပ်ရှင် ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။

ဒီသီချင်းကို တေးရေးဆရာ 'သားပေါက် (Scorpio Music House)'က ရေးသားခဲ့တာ ဖြစ်ပြီး ပင်တိုင်တေးဂီတအဖွဲ့ဖြစ်တဲ့ Iron Cross တေးဂီတအဖွဲ့က တီးခတ်ထားတာ ဖြစ်ပါတယ်။

“ရာဇဝင်တွေကို မဖြိုဖျက်နဲ့… အလွန်တရာနက်နဲသော ပုစ္ဆာများထဲ… ရွှေအိုရောင် နန်းမြို့တို့ တန်ဖိုးများ မဖြတ်နိုင်ခဲ့… ဒီမြေမှာရှိတဲ့ သမိုင်းအမွေများရယ်… ဂုဏ်အရှိန်အဝါ ကြီးမြတ်ခြင်းတွေ… တို့အားလုံးရဲ့ ရင်ထဲ… အမြဲစီးဆင်းနေဆဲ… ဒုဋ္ဌဝတီရဲ့ သက္ကရာဇ်အိုများ…”စတဲ့ လှပတဲ့ သီချင်းစာသားတွေကို လေးဖြူရဲ့ အပြင်းစားရော့ခ်ဆန်ဆန် သီဆိုမှုတွေနဲ့အတူ နားဆင်နိုင်မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို လူငယ်ဒါရိုက်တာ အာကာက ရိုက်ကူးပုံဖော်ထားခဲ့တာဖြစ်ပြီး Golden Hour Entertainment နဲ့ Arkar Production တို့က ပထမဆုံး တွဲဖက်ထုတ်လုပ်လိုက်တာပါ။

ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်တွေအဖြစ် မင်းသား နိုင်းနိုင်း၊ ဇော်ဇော်အောင်နဲ့ ကချင်အမျိုးသမီးအဆိုတော် အမွန်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဒီဇာတ်ကားဟာ မထွက်မခင်ကတည်းက နာမည်ကြီး လူပြောများနေပြီး လေးဖြူ သီဆိုထားတဲ့ ဒီဇာတ်ဝင်သီချင်းကိုတော့ မတ်လ ၃ ရက်က ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် တရားဝင် ထုတ်လွှင့်မျှဝေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013