DVB Logo
Home
မြန်မာသတင်း
သတင်းမီဒီယာလွတ်လပ်ခွင့်အတွက်ဆောင်ရွက်ပေးရန် သမ္မတသစ်ကိုတောင်းဆို
DVB
·
March 29, 2018
သတင်းမီဒီယာလွတ်လပ်ခွင့်အတွက်ဆောင်ရွက်ပေးရန် သမ္မတသစ်ကိုတောင်းဆို
Donate to DVB

 

ရွေးကောက်ခံ သမ္မတသစ်ဦးဝင်းမြင့်အနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် ကြိုးစားဆောင်ရွက်ပေးဖို့ ဖမ်းဆီးခံ ရိုက်တာသတင်းထောက်တွေက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ် ယောက်အမှုကို မနေ့က တရား ရုံးထုတ်စစ်ဆေးစဉ်မှာ ပြောကြားလိုက်တာပါ။

သမ္မတသစ်အနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်ရအောင် ကြိုးစားဆောင်ရွက်ပေးဖို့ ဖမ်းဆီးခံ ရိုက်တာသတင်းထောက် ကိုကျော်စိုးဦးက တရားရုံးချိန်းခဏနားချိန် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာပြောပါတယ်။

၁၁ ကြိမ်မြောက်ရုံးချိန်းမှာ တရားလိုပြသက်သေတွေကို ရုံးတော်မှာ အပြန်အလှန် စစ်ဆေးပြီးတဲ့နောက် ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ မတွေ့ရတဲ့အတွက် အခုအချိန်မှာ အမှုကိုပလပ်ပေးဖို့ ရိုက်တာ သတင်းထောက်တွေရဲ့ ရှေ့နေတွေက လျှောက်ထားခဲ့ပါတယ်။

ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးကလာမယ့် ဧပြီလ ၄ ရက်နေ့မှာ နှစ်ဖက် လျှောက်လဲချက်တွေကို ကြားနာဖို့ သဘောတူခဲ့ပါတယ်။

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာ ဖြစ်ရပ်နဲ့ပတ်သက်လို့ သတင်းယူရင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၂ ရက်က ဖမ်းဆီးခံခဲ့ရကာ နိုင်ငံတော်လျို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013