DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ၁၈ ဘီးကား ၂ စီး တိုက်မိ၊ ၂ ဦးသေဆုံး
DVB
·
March 29, 2018
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ၁၈ ဘီးကား ၂ စီး တိုက်မိ၊ ၂ ဦးသေဆုံး
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၈၀/၀ မှာ မတ် ၂၈ ရက်မနက်က ဘီးပေါက်ပြီး ရပ်ထားတဲ့ ၁၈ ဘီးကား နောက်ပိုင်းကို တခြား ၁၈ ဘီးကားက ဝင်ခဲ့တာကြောင့် အမျိုးသား ၂ ဦး သေဆုံးသွားတယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။

မန္တလေးဘက်ကို မောင်းလာတဲ့ စဥ့်ကိုင်မြို့နယ် ဝါးရင်းတုတ်ရွာနေ ကိုမြင့်ဦး မောင်းတဲ့ ၁၈ ဘီးကားရဲ့ နောက်ဘီး ၂ လုံး ပေါက်ပြီး ရပ်ထားခဲ့တယ်၊၊ အဲဒီကားနောက်ပိုင်းကို တောင်ငူမြို့နယ် သဖန်းပင်ဒိုင်နယ်ရွာနေ အသက် ၂၈ နှစ်ရှိ ကိုခိုင်ထူး မောင်းတဲ့ ၁၈ ဘီးကားက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာပါ။

ယာဉ်တိုက်မှုကြောင့် တောင်ငူမြို့နယ် ကျေးနီကုန်းရွာနေတဲ့ အသက် ၃၅ နှစ်ရှိ ယာဉ်နောက် ကိုမင်းသူနဲ့ ယာဉ်မောင်း ကိုခိုင်ထူးတို့ နှစ်ဦးလုံး နေရာတင် သေဆုံးခဲ့ပါတယ်။

ရွှေတောင်ရွာစခန်းမှ စခန်းမှူး ရဲအုပ်ကျော်နိုင်စိုးက “ဝင်တိုက်တဲ့ကား အရှိန်ပြင်း လွန်းတယ်။ ကားခေါင်းခန်း တခုလုံး ပိန်ချုံသွားတာပဲ။ ယာဉ်မောင်း ကိုခိုင်ထူး နံရိုးကျိုးတယ်။ ဘယ်ဘက်ခြေသလုံးရိုး ကျိုးတယ်။ အသဲကွဲသွားတယ်။ ယာဉ်နောက်လိုက် ကိုမင်းသူကတော့ ညာချိုစောင်းနဲ့ ကျားအင်္ဂါ ပေါက်သွားတယ်။ ၂ ဦးလုံး နေရာတင် သေဆုံးတယ်။ ဝမ်းတွင်း ‎ဆေးရုံပို့ပေးတယ်” လို့ ပြောပါတယ်။

‎ဒေသခံကိုတင်ဆန်းက “ရန်-မန်း လမ်းဟောင်းက အသွားလမ်း အပြန်လမ်း ၂ လမ်းသွားပါ။ ဝမ်းတွင်းမြို့နယ်အတွင်းမှာ ယာဉ်မတော်တဆ ခဏခဏ ဖြစ်တတ်တယ်။ ကားနဲ့ဆိုင်ကယ်တွေ သတိထား မောင်းစေချင်တယ်” လို့ ပြောပါတယ်။

‎ရွှေတောင်ရွာရဲစခန်းမှာ ယာဉ်မောင်း ကိုခိုင်ထူးကို ယာဉ်မဆင်မခြင်မောင်းပြီး လူသေမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က နဲ့ ယာဉ်(ပ)၁၂/၂၀၁၈ နဲ့ အမှုဖွင့်ထားပါတယ်။

‎သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013