DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဒုဥက္ကဋ္ဌတို့ တွေ့ဆုံ
DVB
·
March 29, 2018
ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ် နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဒုဥက္ကဋ္ဌတို့ တွေ့ဆုံ
1 / 3
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ရဲ့ ဒုဥက္ကဋ္ဌ မကာအိုအုပ်ချုပ်ရေးမှူးဟောင်း အက်ဒ်မွန်းဟိုဟွာဝါ တို့ ဒီနေ့ မနက်က တွေ့ဆုံခဲ့ကြပါတယ်။

ဒီနေ့မနက် ၁၀ နာရီက နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဧည့်ခန်းမမှာ တွေ့ဆုံတာဖြစ်ပြီး တွေ့ဆုံစဉ် ပညာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း၊ ရုပ်ရှင်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။

တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဦးအုန်းမောင်နဲ့ ဦးကျော်တင်၊ ဒုဝန်ကြီးဦးဆက်အောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်လည်း တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013