DVB Logo
Home
မြန်မာသတင်း
ကီလိုစနစ်သုံးတက္ကစီများ ဧပြီ ၁ ရက် စတင်ပြေးဆွဲမည်
DVB
·
March 29, 2018
ကီလိုစနစ်သုံးတက္ကစီများ ဧပြီ ၁ ရက် စတင်ပြေးဆွဲမည်
1 / 2
Donate to DVB

ခရီးသည်တွေအနေနဲ့ ဈေးနှုန်းမေးစရာမလိုဘဲ ကီလိုစနစ်နဲ့ ခရီးအကွာအဝေးအလျောက် ကျသင့်ငွေ ပေးချေရမယ့် တက္ကစီအငှားယာဉ်တွေ လာမယ့်  ဧပြီလ ၁ ရက်မှာ စတင်ပြေးဆွဲတော့မှာ ဖြစ်ပါတယ်။

တက္ကစီအငှားကား ယာဉ်မောင်းတွေနဲ့ စုဖွဲ့ထားတဲ့ Kilo Taxi Group ကနေ စီစဉ် ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင် ဦးလင်းလင်းထွန်းက ပြောပါတယ်။

“အဖွဲ့ဝင် တက္ကစီယာဉ် ၂၀၀ ဝန်းကျင် ရှိပါတယ်။ ဧပြီလ ၁ ရက်နေ့ တရားဝင် စတင်ပြေးဆွဲမှာပါ။ မတ်လထဲမှာ စမ်းသပ်ပြေးဆွဲနေပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

ခရီးသည်တွေအနေနဲ့ ကီလိုတက္ကစီကားပေါ် စတက်ချင်း ၁၃၀၀ ကျပ်နဲ့ ၁ ကီလိုသွားတိုင်း ငွေကျပ် ၃၀၀ ကျသင့်မှာဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့ချိန်၊ မီးပွိုင့်မိချိန်တွေအတွက် တခြားကောက်ခံမှု မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013