DVB Logo
Home
မြန်မာသတင်း
တပ်မတော်ယာဉ်နှင့် ၂၂ ဘီးတွဲကား တိုက်မိ၍ ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ
DVB
·
March 29, 2018
တပ်မတော်ယာဉ်နှင့် ၂၂ ဘီးတွဲကား တိုက်မိ၍ ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၂၀ အနီးမှာ မနေ့က ၂၂ ဘီးယာဉ်နဲ့ တပ်မတော်သားတွေ လိုက်ပါလာတဲ့ယာဉ် တိုက်မိလို့ ၂ ဦး သေဆုံး၊ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ နွယ်ကုန်းနယ်မြေရဲစခန်းက ပြောပါတယ်။

ရန်ကုန်ဘက်မှ ပဲနွယ်ကုန်းမြို့ဘက်ကို လင်းလင်းထွန်း မောင်းနှင်ပြီး ယာဉ်နောက်လိုက်တဦးပါ ၂၂ ဘီး HINO အမျိုးအစားယာဉ်ဟာ အရှိန်မထိန်းနိုင်ဖြစ်ကာ နေပြည်တော်မှ စစ်ရေးပြပြီး ပြန်လာတဲ့ တပ်မတော်သားတွေကို တင်လာတဲ့ စစ်စိမ်းရောင် ၆ ဘီးယာဉ်ရဲ့ ဘေးကိုတိုက်မိပြီး ဆက်လက်အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းဘေးကုက္ကိုပင်ကို ဆက်လက်တိုက်မိခဲ့တာပါ။

ပဲနွယ်ကုန်းနယ်မြေရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက "၂၂ ဘီးကားက ရန်ကုန်ဘက်က လာတာသူက အချိန်များလာပြီး စစ်ကားကို ဘေးကနေ ပွတ်တိုက်မိသွားတာ။ နောက်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက သစ်ပင်ကိုဆက်ပြီး တိုက်မိတာ။ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်က သစ်ပင်နဲ့ညပ်ပြီး အခင်းဖြစ်နေရာမှာတင် သေသွားပါတယ်" လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ၂၂ ဘီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တို့မှာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး ၆ ဘီးယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ တပ်မတော်သား ၂၀ အနက်မှ ၂ ဦး ဒဏ်ရာရှိခဲ့ပါတယ်။ ဆန်အိတ်တွေ လွင့်ကျခဲ့ပြီး လမ်းဘေးရှိ အမျိုးသမီးတဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ ၂၂ ဘီး ယာဉ်မောင်း လင်းလင်းထွန်းကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ တို့နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013