DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ပိတ်ရက် ထိုင်းရောက်မြန်မာအလုပ်သမားများ ၀င်ထွက်ခွင့်ကြေး ကင်းလွတ်ခွင့်ရ
DVB
·
March 29, 2018
သင်္ကြန်ပိတ်ရက် ထိုင်းရောက်မြန်မာအလုပ်သမားများ ၀င်ထွက်ခွင့်ကြေး ကင်းလွတ်ခွင့်ရ
Donate to DVB

 

    ထိုင်းနိုင်ငံမှာ မကြာခင်ကျရောက်တော့မယ့် ဆုန်ကရန် သင်္ကြန်ပွဲတော်ကာလ ပိတ်ရက်တွေအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ၀င်ထွက်သွားလာခွင့် ကြေးတွေကို ကင်းလွတ်ခွင့်ပေးသွားမယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

    ဒါဟာ မြန်မာအပါအ၀င် လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှ ရွှေ့ပြောင်းအလုပ်သမားတွေ အတွက်ပါ အကျုံးဝင်မှာဖြစ်ပြီး ပွဲတော်ကာလကတော့ ဧပြီလ ၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ဖြစ်တယ်လို့ ဆိုပါတယ်။

    အစိုးရလက်ထောက်ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ အသီဆစ် ချိန်နူဝပ်ကတော့ ပန်းရောင်ကတ်ကိုင်ဆောင်ထားသူတွေနဲ့ သူတို့ရဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေကို ဒီကာလအတွင်းမှာ ထိုင်းနိုင်ငံတွင်းမှ အခကြေးငွေတစုံတရာ မပေးရဘဲ ထွက်ခွာနိုင်ပြီး ဧပြီ ၃၀ မတိုင်ခင်မှာ အခမဲ့ပြန်ဝင်လာနိုင်မယ်လို့ ပြောပါတယ်။

    ဒါ့အပြင် အစိုးရအဖွဲ့အနေနဲ့ အထောက်အထားမဲ့ နေထိုင်ကြတဲ့ ကျန်ရှိနေသေးတဲ့ ရွှေ့ပြောင်းအလုပ်သမား ၈ သိန်း ၈ သောင်းလောက်ကိုလည်း မှတ်ပုံတင်ရမယ့် နောက်ဆုံး ရက်ကို မတ် ၃၁ ရက်နေ့ကနေ ဇွန် ၃၀ ရက်နေ့အထိ နောက်ဆုတ်ရွှေ့ဆိုင်းပေးလိုက်တယ်လို့ ဆိုပါတယ်။

    ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ နိုင်ငံတွင်း ရွှေ့ပြောင်း အလုပ်သမားဦးရေ ၁ ဒသမ ၆ သန်းလောက်ရှိနေပြီး သူတို့ထဲက တ၀က်လောက်ကတော့ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် မှတ်ပုံမတင်ရသေးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဘန်ကောက်မြို့နဲ့ နိုင်ငံတ၀ှမ်းဖွင့်လှစ်ထားတဲ့ အလုပ်သမားရုံးတွေမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို မတ် ၃၁ ရက်နေ့ မတိုင်ခင် တင်သွင်းဖို့လိုအပ်ပြီး ထပ်ပြီးလိုအပ်တဲ့ ဆေးစာအထောက်အထားတွေကိုသာ ဇွန် ၃၀ ရက်နေ့အထိ ရွှေ့ဆိုင်းအချိန်ပေးသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013