DVB Logo
Home
နိုင်ငံရေး
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက သမ္မတဦးဝင်းမြင့်ကို ဂုဏ်ပြုကြိုဆို
DVB
·
March 29, 2018
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက သမ္မတဦးဝင်းမြင့်ကို ဂုဏ်ပြုကြိုဆို
Donate to DVB

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက သမ္မတသစ် ဦးဝင်းမြင့်ကို ဂုဏ်ယူဝမ်းမြောက်စွာ  ကြိုဆိုလိုက်ကြပါတယ်။

ဝ တပ်ဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ရဲ့ မတ်လ ၂၈ ရက် ကြေညာချက်မှာ သမ္မတသစ်အဖြစ်ရွေးချယ်ခံရတဲ့ ဦးဝင်းမြင့်ကို ကြိုဆိုကြောင်းနဲ့ သမ္မတသစ်ရဲ့ ဦးဆောင်မှုအောက်မှာ ငြိမ်းချမ်းရေးကို ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ဖို့ မျှော်လင့်တယ်လို့ ဖော်ပြပါတယ်။

အလားတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကလည်း သမ္မတသစ် ဦးဝင်းမြင့်အနေနဲ့ ငြိမ်းချမ်းရေး အကျပ်အတည်းအပါအ၀င် လက်ရှိကြုံတွေ့နေရတဲ့ အထွေထွေ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ရေး ပြည်သူနဲ့အတူ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည် ကြောင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ မတ်လ ၂၈ရက် ကြေညာချက်မှာတော့ အနားယူသွားတဲ့ သမ္မတဦးထင်ကျော်လိုပဲ သမ္မတသစ် ဦးဝင်းမြင့်ဟာ ဖက်ဒရယ်နိုင်ငံတော်သစ်အတွက် အကောင်းဆုံး စွမ်းဆောင်သွားလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ ၁၀ ယောက်မြောက် နိုင်ငံတော်သမ္မတအဖြစ် မတ်လ ၂၈ ရက် မနက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဦးဝင်းမြင့်ကို သမ္မတအဖြစ် ထောက်ခံ မဲ ၄၀၃မဲ နဲ့ ရွေးချယ်တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013