DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားအဖွဲ့များနှင့် အလုပ်သမားဝန်ကြီးတွေ့ဆုံ
DVB
·
March 29, 2018
ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားအဖွဲ့များနှင့် အလုပ်သမားဝန်ကြီးတွေ့ဆုံ
Donate to DVB

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေဟာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေတဲ့ မြန်မာအဖွဲ့ ၁၁ ဖွဲ့နဲ့  ဘန်ကောက်မြို့ Holiday Inn ဟိုတယ်မှာ မနေ့ညနေက တွေ့ဆုံပါတယ်။

ဒီတွေ့ဆုံပွဲမှာ လက်ရှိထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အလုပ်သမားကတ်သက်တမ်းကုန်ဆုံးတဲ့ ပြဿနာနဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (CI) ပြုလုပ်နေတဲ့နေရာမှ အခက်အခဲတွေနဲ့ပတ်သက်လို့ အတတ်နိုင်ဆုံး အဆင်ပြေအောင်  ထိုင်းအစိုးရကို တင်ပြတောင်းဆိုသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

“နောက်ဆုံးအခြေအနေအရ အရေးတကြီးလိုအပ်လာမယ်ဆိုရင် မြန်မာရွှေ့ ပြောင်း အလုပ်သမားအရေးကိစ္စတွေကို ထိုင်းဘုရင်မင်းမြတ်ထံအထိ အသနားခံ တောင်းဆိုသွားဖို့ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။”လို့အစည်းအဝေးတက်ရောက်သူ NCCM-National Catholic Commission on Migration  ရဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားရေးရာတာဝန်ခံ စောအဲသိုက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေဟာ ထိုင်းရောက်မြန်မာလုပ်သားတွေရဲ့အရေးနဲ့ တပ်သက်ပြီး ထိုင်းအလုပ်သမားဝန်ကြီးနဲ့ ဒီကနေ့ မတ်လ ၂၉ ရက်နေ့မှာ တွေ့ဆုံဖို့ရှိနေတာပါ။  ဒီလိုမတွေ့ဆုံခင် မြန်မာအလုပ်သမားအဖွဲ့တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တာလည်းဖြစ်ပါတယ်။

“လက်ရှိအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ လက်မှတ်သက်တမ်းတိုးဖို့ လုပ်ငန်းစဉ်မှာ ပေးထားတဲ့ အချိန်ကာလအတိုင်းအတာက လုံးဝ လုံလောက်မှုမရှိဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေက နောက်ဆက်တွဲပြဿနာ အခက်အခဲများ ကြုံတွေ့ ရင်ဆိုင်လာရခြင်းပါပဲ။ဒါကြောင့် ဒီသတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာထက် ဖြစ်နိုင်မယ်ဆိုရင် နောက်ထပ် ၃လလောက် တိုးမြှင့်သတ်မှတ်ပေးဖို့ အရေးတကြီး လိုအပ်တယ်။”လို့ စောအဲသိုကပြောပါတယ်။

ဒါ့အပြင်  နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်မှာ မြန်မာအလုပ်သမားထဲက သတ်မှတ် အထောက်အထား ပြည့်ပြည့်စုံစုံမတင်ပြနိုင်လို့ မအောင်မြင်တဲ့သူတွေ၊ မြန်မာမှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းမတင်ပြနိုင်လို့ အဆင်မပြေတဲ့သူတွေအတွက် နှစ်ဘက် အစိုးရတာဝန်ရှိသူတွေ ဘယ်လိုစီစဉ်ပေးပြီး အဆင်ပြေအောင် လုပ်ဆာင်ပေးနိုင်ဖို့နဲ့ မှီခို သားသမီးတွေအတွက် နှစ်နိုင်ငံအသိအမှတ်ပြု အထောက်အထား တစ်စုံတစ်ရာ ထုတ်ပေးနိုင်ဖို့၊ အခြားအိမ်ဖော်အလုပ်သမားကိစ္စ၊MOU လုပ်ငန်းစဉ် ပိုမိုကောင်းမွန်အောင် နှစ်ဖက်အစိုးရက  ညှိနှိုင်းလုပ်ဆောင်နိုင်ဖို့အပြင် လူမှုဖူလုံရေးအာမခံခံစားခွင့်ကိစ္စတွေ စတဲ့ အကြံပြုစာတမ်းတွေကိုလည်း ဝန်ကြီးအဖွဲ့ထံ ပေးပို့ထားခဲ့တယ်လို့ ပြောပါတယ်။

ထိုင်းရောက်မြန်မာအလုပ်သမား တသန်းကျော်ဟာ အခု မတ်လ ၃၁ ရက်မှာ  ဗီဇာနဲ့ အလုပ်ပါမစ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် ဗီဇာသက်တမ်းတိုးဖို့ အချိန်အကန့် အသတ်ကြောင့်  သက်တမ်းတိုးတဲ့နေရာတွေမှာ လူထောင်ချီတိုးဝှေ့သက်တမ်းတိုးနေရကြရသလို တချို့တွေမှာလည်း သက်တမ်းတိုးစခန်းတွေမှာ ညအိပ်စောင့်ဆိုင်းနေကြရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013