DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတောင် ဝက်မှေးရွာဟောင်းကို ရဲလုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလာ
DVB
·
March 29, 2018
လက်ပံတောင်းတောင် ဝက်မှေးရွာဟောင်းကို ရဲလုံခြုံရေးတပ်ဖွဲ့များ ရောက်ရှိလာ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးရှိ ဝက်မှေးရွာဟောင်းက နေအိမ်တချို့ ပြောင်းရွှေ့တာနဲ့ပတ်သက်ပြီး ဒီနေ့မနက် ၈ နာရီလောက်က စတင်ကာ အခြေအနေ တင်းမာနေပါတယ်။

ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး မလွတ်ကင်းလို့ ပယ်ဖျက်ရမယ့် ရွာတွေထဲမှာ ဝက်မှေး ရွာဟောင်းလည်း ပါဝင်နေတာဖြစ်ပြီး တချို့ရွာသားတွေက ပြောင်းရွှေ့သွားကြပြီဖြစ်ပေမယ့် ကျန်နေတဲ့ ရွာသားတွေနဲ့  ရဲလုံခြုံရေးတပ်ဖွဲ့တွေအကြား တင်းမာမှု ဖြစ်ပွားနေတာပါ။

မပြောင်းရွှေ့ဘဲ ရွာမှာကျန်နေခဲ့တဲ့သူတွေက အိမ်ရွှေ့တာနဲ့ပတ်သက်ပြီး တားမြစ်နေတာ မဟုတ်ဘဲ ကားမဝင်ဖို့ကိုသာ တားမြစ်နေတာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

ရွာတောင်ဘက်နဲ့ မြောက်ဘက်မှာ ရဲတပ်ဖွဲ့အင်အား ၁၀၀ လောက်က ယူနီဖောင်း၊ လက်နက်အပြည့်အစုံ ဝတ်ဆင်ကာ အချုပ်ကားတစီး၊ ဖောကားတစီးနဲ့ နေရာယူထားကြပါတယ်။

ရွာသားတွေလည်း ဝက်မှေးရွာဟောင်းထဲကို ဝင်ရောက်လာတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို  သံပုန်းတွေတီးကာ တားမြစ်နေခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013