DVB Logo
Home
မြန်မာသတင်း
သမ္မတဦးဝင်းမြင့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း တရုတ်၊ အမေရိကန်နှင့် အီးယူ ပြောကြား
DVB
·
March 29, 2018
သမ္မတဦးဝင်းမြင့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း တရုတ်၊ အမေရိကန်နှင့် အီးယူ ပြောကြား
Donate to DVB

မြန်မာနိုင်ငံတော်ရဲ့ သမ္မတသစ်အဖြစ် ဦးဝင်းမြင့် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း တရုတ်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ (အီးယူ)တို့က ပြောကြားလိုက်ပါတယ်။

ဦးဝင်းမြင့် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်က မတ်လ ၂၈ ရက်နေ့စွဲနဲ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့လိုက်တာ ဖြစ်ပါတယ်။

သမ္မတဦးဝင်းမြင့်ရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာအစိုးရနဲ့ ပြည်သူတွေဟာ နိုင်ငံရေး တည်ငြိမ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်ရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ ပိုမို ကျယ်ပြန့်စွာ လုပ်နိုင်မယ်လို့ မစ္စတာရှီကျင့်ဖျင်က ပြောပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုကို အထူးအလေးထားတဲ့အကြောင်း၊ ရှိရင်းစွဲ ချစ်ကြည်ရေးခိုင်မာစေဖို့နဲ့ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်း ဆောင်ရွက်မှုတွေ နက်ရှိုင်းစေဖို့ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ တိုးမြှင့်ဖို့၊ နှစ်နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးပိုမိုဖြစ်ထွန်းနိုင်ဖို့ သမ္မတဦးဝင်းမြင့်နဲ့အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုတယ်လို့လည်း ပြောပါတယ်။

အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်လ်ကလည်း မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ ဦးဝင်းမြင့်ကို ဝမ်းမြောက်စွာ ဂုဏ်ပြုတယ်လို့ ထုတ်ပြန်ပြောပါတယ်။

မြန်မာပြည်ရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့  ငြိမ်းချမ်းသာယာပြီး ဒီမိုကရေစီနည်းနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေးနဲ့  ခိုင်မာဖွံ့ဖြိုးတိုးတက်ပြီး အားလုံးပါဝင်နိုင်တဲ့ စီးပွားရေးကို အကာင်အထည်ဖော်နေတဲ့ မြန်မာနိုင်ငံကို လက်တွဲဖက်အနေနဲ့ရော မိတ်ဆွေအနေနဲ့ပါ အားပေးထောက်ခံသွားဖို့  အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားတယ်လို့ ဆိုပါတယ်။

အလားတူ ဥရောပသမဂ္ဂ (အီးယူ)ရဲ့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး Kristian Schmidt ကလည်း မြန်မာနိုင်ငံရဲ့ ၁၀ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဦးဝင်းမြင့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ပြောကြားထားပါတယ်။

ဓာတ်ပုံ-State Counsellor office

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013