DVB Logo
Home
မြန်မာသတင်း
ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေးနှိုးဆော်ချက်
DVB
·
March 29, 2018
ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေးနှိုးဆော်ချက်
Donate to DVB

ခရမ်းလွန်ရောင်ခြည် လတ်တလော ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသား အရောင်ညိုမည်းလာခြင်းတို့ ဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလကြာသောအခါ မျက်စိ တိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါ သည်။

သို့ဖြစ်ပါ၍ အောက်ပါအတိုင်း သတိပြုကာကွယ်ကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

၁။ ခရမ်းလွန်ရောင်ခြည် မြင့်မားစွာကျရောက်နိုင်သည့် နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီခန့်အတွင်းတွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

၂။ အပြင်ထွက်ရန် လိုအပ်ပါက မိမိအသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် မျက်နှာ၊ လည်ပင်းနှင့် ပခုံးတို့ပါ လုံခြုံသော ထီး၊ ဦးထုပ် စသည်တို့ကို ဆောင်းသွားပါ။

၃။ အဝတ်လွတ်ကင်းနေသော လက်၊ လည်ပင်းနှင့် ပခုံး စသည့်နေရာများကို သနပ်ခါးထူထူ (သို့) SPF 15+ ပါဝင်သော နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲ မထွက်မီ ၁၅ မိနစ်ခန့် ကြိုလိမ်းပါ။ နေရောင်ခံလိမ်းဆေး တခါလိမ်းပြီး နှစ်နာရီ ကြာပြီးတိုင်း တစ်ခါထပ်၍ လိမ်းပေးပါ။

၎။ ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်း ထိခိုက်စေနိုင်သဖြင့် ခရမ်းလွန် ရောင်ခြည်ကို (၉၉ ရာခိုင်နှုန်း) အထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန် ကို တပ်ဆင်သင့်ပါသည်။

၅။ ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သော ချည်သားထူထူပွပွ အဝတ်အထည်များကို ဝတ်ဆင်ပါ။

၆။ ဆီးချိုရောဂါ၊ နှလုံးရောဂါရှိသူများ၊ အရက်အလွန်အကျွံ သောက်သုံးသူများ၊ ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများသည် ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုပြု ဆင်ခြင်ရန် လိုအပ်ပါသည်။

၇။ ကလေးငယ်များသည် လူကြီးများထက် ခရမ်းလွန်ရောင်ခြည် အန္တရာယ်၏ ဆိုးကျိုးများကို ပိုမိုထိခိုက်ခံစားရနိုင်သဖြင့် အထူးဂရုပြုကာကွယ်ရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။ (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013