DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက်တည်းခိုခဲ့သည့်ဟိုတယ်ကို ၀ရမ်းမပါဘဲရှာဖွေခဲ့ကြောင်းစစ်ဆေးတွေ့ရှိ
DVB
·
March 28, 2018
ရိုက်တာသတင်းထောက်တည်းခိုခဲ့သည့်ဟိုတယ်ကို ၀ရမ်းမပါဘဲရှာဖွေခဲ့ကြောင်းစစ်ဆေးတွေ့ရှိ
Donate to DVB

 

ရိုက်တာသတင်းထောက်တည်းခိုခဲ့တဲ့ ရန်ကုန်မြို့လယ်ခေါင်က East Hotel ကို ဝင်ရောက်ရှာဖွေရာမှာ ရှာဖွေဝရမ်းနဲ့ တရားရုံးအမိန့်တွေ မပါခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ရိုက်တာသတင်းထောက်တွေရဲ့ ရှေ့နေတွေက ပြောပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးမခံရခင် ရခိုင်အခြေစိုက် ရိုက်တာသတင်းထောက်ကိုကျော်စိုးဦး တည်းခိုခဲ့တဲ့ East Hotel က မန်နေဂျာ ဒေါ်မေသက်ထားလွင်နဲ့ ဧည့်ကြိုဝန်ထမ်း ဒေါ်သက်ထားဇင်၊ သန့်ရှင်းရေးဝန်ထမ်း ဦးဝင်းကိုကို တို့ကို တရားလိုပြသက်သေအဖြစ် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ မတ်လ ၂၈ ရက်နေ့က (၁၁) ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီရုံးထုတ်မှာ တရားလိုပြသက်သေတွေကို သမ္ဗာန်စာဆင့်ခေါ်ရာမှာ ဖုန်း Viberနဲ့ခေါ်ဆို ခဲ့ပြီး ရှာဖွေဝရမ်းနဲ့ တရားရုံးအမိန့်တွေ မပါဘဲ ဟိုတယ်ကိုဝင်ရောက်ရှာဖွေခဲ့တာကို တရားခွင်မှာ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

“နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားချက်တွေနဲ့၊ ရှာဖွေဝရမ်းတွေမပါဘဲ လုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့ညီသလား၊ မညီသလားဆိုတာကတော့ နောက်ပိုင်း လျှောက်လဲချက်တွေမှာ ထည့်သွင်းအသုံးပြုသွားမယ်။ ပြောနိုင်တာတစ်ခုကတော့ နိုင်ငံသားတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုတွေကို တရားရုံးတစ်စုံတရာ၊ အမိန့်တစုံတရာမရှိဘဲနဲ့ ဝင်ရောက်ရှာဖွေသွားတယ်ဆိုတာကတော့ နိုင်ငံသားလုံခြုံရေးဥပဒေနဲ့ ဆန့်ကျင်နေတယ်”

တရားလိုပြသက်သေ ၂၅ ယောက်ထဲက ဒီနေ့ (၁၁) ကြိမ်မြောက် ရုံးထုတ်အပြီးမှာ လိုပြသက်သေ ၁၇ ယောက်ကို စစ်ဆေးခဲ့ပါတယ်။

ဒါပေမယ့် (၁၇) ယောက် စစ်ပြီးတဲ့အချိန်အထိ စွဲဆိုထားတဲ့ပုဒ်မနဲ့ ညီတဲ့အပြစ် မတွေ့တာကြောင့် နောက်တစ်ပတ် ဧပြီ ၄ရက်ရုံးချိန်းမှာ စွဲချက်မတင်ဘဲ လွှတ်ပေးဖို့ လျှောက်ထားချက်ကိုပဲ ကြားနာသွားဖို့ရှိတယ်လို့ ရိုက်တာသတင်းထောက်တွေရဲ့ရှေ့နေတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013