
မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၄၃,၁၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၁၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၄၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၅,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁,၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၃၆,၆၅၀ ရှိပြီး တအိတ်ကို ၅၅၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၂၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၂,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၄,၁၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲနီပြား
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲနီပြားက ၅၅.၂၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၇၀,၀၀၀ ကနေ ၇၂,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ဈေးပြောင်းလဲမှု မရှိပါဘူး။ မြင်းခြံ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၇၁,၈၀၀ ကျပ်ကနေ ငွေကျပ် ၉၄,၀၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၂၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကုလားပဲ v2
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ v2 ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၆၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၈,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၇,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၄၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ပဲဇီးကွက်
မြင်းခြံကုန်စည်ဒိုင်မှာ ပဲဇီးကွက် တတင်းကို ၂၂,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တတင်းကို ၂၃,၇၀၀ ကျပ်ရှိပြီး တတင်းကို ၇၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ပဲလွန်းပြာ
မြင်းခြံကုန်စည်ဒိုင်မှာ ပဲလွန်းပြာက ၁၈ ပိဿာဝင် တတင်းကို ၁၅,၃၀၀ ကျပ် ပေါက်ဈေးရှိပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ တတင်းကို ငွေကျပ် ၁၆,၂၀၀ ရှိပါတယ်။ မြင်းခြံနဲ့ ပခုက္ကူကုန်စည်ဒိုင် တတင်းကို ၉၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ဖော်ပြပါ သီးနှံတွေထဲက ကုလားပဲကတော့ ဒီတပတ်မှာ ဈေးတက်လာပါတယ်။ ကုန်စည်ဒိုင်ကို ပဲအဝင်များနေသလို ပဲခွဲစက်တွေကလည်း အဝယ်လိုက်တဲ့အတွက် အရောင်းအဝယ်ကလည်း သွက်ပြီး ဈေးက ပြန်တက်လာတာလည်း ဖြစ်ပါတယ်။ ကုလားပဲက ဈေးတက်တယ် ဆိုပေမယ့် ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ၂ သောင်းကျပ်နီးပါး ဈေးကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာ ပဲအဟောင်းဈေးက ဈေးပိုရနေပြီး ပဲအသစ်ဈေးကတော့ ဈေးငြိမ်နေပါတယ်။
အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA











