DVB Logo
Home
မြန်မာသတင်း
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်
DVB
·
March 28, 2018
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်
Donate to DVB

 

နိုင်ငံတော်အကြည်ညိုပျက်စေမူ ပုဒ်မ ၅၀၅ (ခ)နဲ့တရားစွဲဆိုခံထားရတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို မတ်လ ၂၈ ရက်နေ့ရုံးချိန်းမှာ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ်၂ နစ်ချမှတ်လိုက်ပါတယ်။

ဒါ့အပြင် အမိန်ချတဲ့နေ့မှာပဲ နောက်တိုးပုဒ်မဖြစ်တဲ့ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေပုဒ်မ (၇) နဲ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။

ကလေးစစ်သားကိုအောင်ကိုထွေးက "နိုင်ငံတော်ကို အကြည်ညိုပျက်အောင်လုပ်နေတာ အောင်ကိုထွေးမဟုတ်ဘူး။ ကမ္ဘာအလယ်မှာ နိုင်ငံတော်ကို အကြည်ညိုပျက်အောင် ဘယ်သူတွေလုပ်နေလဲ။ ပြည်သူတွေသိတယ်။ ကျနော်မပြောဘူး။ ဒီနေ့ထောင်နှစ်နှစ်ချတယ်။ ဘာသက်သေပေါ်ပေါက်ချက်မှ မတွေ့ပဲ ချတယ်။ တမှုပြီး တမှုနဲ့ထပ်ဆွဲတယ်။ ဒါကျနော်စိတ်ဓါတ်တွေကို ပျက်ပြားအောင် ရိုက်ချိုးနေတာ။ မီဒီယာတွေကို ကျနော်အခွင့်အရေးချိုးဖောက်ခံရတာတွေ ပြန်ပြောလို့ နောက်ထပ်ဘယ်သူမှ မပြောရဲအောင် မီဒီယာလွတ်လပ်ခွင့်ကိုပါစိန်ခေါ်တာ။ ကျနော့်လို ကလေးစစ်သားတွေ အများကြီး ရှိနေပါသေးတယ်”လို့  တရားရုံးက အထွက်မှာပြောပါတယ်။

ကိုအောင်ကိုထွေးဟာ ကလေးစစ်သားအဖြစ် ပြန်လည်လွတ်မြောက်လာပြီး စစ်တပ်ထဲမှာ အခွင့်အရေးချိုးဖောက်ခံရတာတွေကို မီဒီယာကိုပြန်ပြောခဲ့လို့ ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲခံနေရစဉ်မှာပဲ တရားရုံးမှာ သပိတ်မှောက် ဆန္ဒပြတာကြောင့် တရားရုံး မထီမဲ့မမြင်မူ ပုဒ်မ ၂၂၈ နဲ့ ထောင်ဒဏ် ၆ လ ကနဦး ချမှတ်ခံလိုက်ရပါတယ်။

အခု မူလတရားစွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ)အတွက် ထောင်ဒဏ် ၂နှစ်ချတဲ့နေ့မှာပဲ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ (၇) နဲ့ထပ်မံတရားစွဲဆိုလိုက်တာပါ။

ဒဂုံဆိပ်ကမ်းတရားရုံးက တရားသူကြီးရဲ့ ပြောဆိုခွင့်ရှိသူက “ဒါက သူရုံးထုတ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေစာတမ်းပါတဲ့ စာရွက်ကို ခြေထောက်နဲ့နင်းလို့ ဒဂုံမြို့နယ်စခန်းရဲမှူးက တရားလိုလုပ်ပြီး တရားစွဲတာပါ”လို့ ပြောပါတယ်။

အခုလို ထပ်တိုးပုဒ်မတွေနဲ့တရားစွဲဆိုတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မြို့နယ်တရားသူကြီးကိုရော ရဲမှူးကိုပါမေးမြန်းတဲ့နေရာမှာ ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။

ဒီထပ်တိုးပုဒ်မနဲ့ ပတ်သက်ပြီး အောင်ကိုထွေးဟာ နိုင်ငံတော်တံဆိပ်ကို ဖျက်ဆီးတာ မဟုတ်တဲ့အတွက် တရားစွဲဆိုတာဟာ ဥပဒေပါ ပြဌာန်းချက်တွေနဲ့မညီဘူးလို့ တရားလွှတ်တော်ရှေ့နေဦးရောဘတ်ဆန်းအောင်ကသုံးသပ်ပါတယ်။

ကိုအောင်ကိုထွေးကတော့ တရားစီရင်ရေးကို အယုံကြည်မရှိကြောင်း ဆန္ဒပြ သပိတ်မှောက်နေတဲ့အတွက် လက်ရှိချမှတ်လိုက်တဲ့ ပြစ်ဒဏ်နဲ့ထပ်တိုးပုဒ်မတွေအတွက် ရှေ့နေပါဝါအားလုံး ရုပ်သိမ်းခံထားရပါတယ်။

ကိုအောင်ကိုထွေးဟာ ကလေးစစ်သားအဖြစ်ကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် သူခံခဲ့ရတဲ့ အခွင့်အရေးချိုးဖောက်မူတွေကို မီဒီယာကိုပြန်လည်ဖြေဆိုလို့ နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ ခနဲ့ လက်ရှိမှာ တရားရင်ဆိုင်နေရပါတယ်။

အမှုရင်ဆိုင်နေတဲ့ ကာလမှာပဲ သူ့ကို စွဲဆိုထားတဲ့ပုဒ်မဟာ မတရားဘူးဆိုပြီး ဒဂုံ ဆိပ်ကမ်းတရားရုံး အမှုစစ်မခံပဲ ဆက်တိုက် သပိတ်မှောက်နေခဲ့တာပါ။

သူ့ကိုစွဲဆိုတဲ့ ပုဒ်မတွေဟာ တပ်မတော်ကမတရားသဖြင့် စွဲဆိုတဲ့အကြောင်း၊ သူ့လို ကလေးစစ်သားတွေ မြန်မာနိုင်ငံမှာ အများကြီးရှိနေတယ်ဆိုတဲ့အကြောင်း ရုံးထုတ်မှာ ပြောဆိုပါတယ်။

လက်ရှိမှာ ဒဂုံဆိပ်ကမ်းတရားရုံးကို သပိတ်မှောက်နေတဲ့ ကိုအောင်ကိုထွေးဟာ တရားရုံး မထီမဲ့မြင်မူနဲ့ ထောင်ဒဏ် ၅ လ ချမှတ်ခံထားရတာဖြစ်ပါတယ်။

ပုဒ်မ ၅၀၅ (ခ)နဲ့ တရားရင်ဆိုင်နေရဆဲမှာပဲ ကလေးစစ်သား ကိုအောင်ကိုထွေးကို ၀န်းရံတဲ့ တက်ကြွလူပ်ရှားသူတွေဟာလည်း ပုဒ်မ ၅၀၅ (ခ) နဲ့ တရားရင်ဆိုင်နေရပြီး အစ်မဖြစ်သူဟာ လည်း ကိုအောင်ကိုထွေးရုံးထုတ်မှာ ၀န်းရံဆန္ဒပြရင်း တရားစွဲခံရလို့ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013