DVB Logo
Home
မြန်မာသတင်း
သမ္မတသစ် ဦးဝင်းမြင့်ကို ပုသိမ်မြို့ခံများ စတုဒိသာကျွေးထောက်ခံကြိုဆို
DVB
·
March 28, 2018
သမ္မတသစ် ဦးဝင်းမြင့်ကို ပုသိမ်မြို့ခံများ စတုဒိသာကျွေးထောက်ခံကြိုဆို
1 / 5
Donate to DVB

 

နိုင်ငံတော်သမ္မတသစ်ဦးဝင်းမြင့်ကို ထောက်ခံကြိုဆိုတဲ့အနေနဲ့ စတုဒိသာကျွေးတာနဲ့ ဦးဝင်းမြင့်ရဲ့ရုပ်ပုံပါတီရှပ်တွေဝတ်ဆင်တာတွေကို ဒီကနေ့ ညနေ ၃ နာရီက ပုသိမ်မြို့ အထက ၃ ကျောင်းရှေ့မှာပြုလုပ်ခဲ့ပါတယ်။

ထောက်ခံပွဲဦးဆောင်သူတစ်ဦးဖြစ်တဲ့ ပန်းချီဆရာ ကိုသက်နောင်က “သမ္မတဦးဝင်းမြင့် အပေါ် ယုံကြည်ကြောင်းနဲ့ ဦးဝင်းမြင့်အနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်လာရင် အားမနာတတ်ဘဲ ပြတ်ပြတ်သားသားဆောင်ရွက်တာကို သဘောကျကြောင်းနဲ့ ဦးဝင်းမြင့် သမ္မတအနေနဲ့ ဆောင်ရွက်တဲ့အခါမှာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး မြန်မြန်ဆန်ဆန် ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်”လို့ပြောပါတယ်။

ပုသိမ်မြို့က ကဗျာဆရာ ဦးတိုးဝေက “ကျနော့်အနေနဲ့ ရွှေပြည်အေးတရားဟောတဲ့ သူမလိုချင်ဘူး။ ရွှေဘလိုချင်တယ် ရွှေဘလိုချင်တဲ့အချိန် ရွှေဘရောက်လာတဲ့အတွက် ကြိုဆိုပါတယ်”လို့ ပြောပါတယ်။

သမ္မတဦးဝင်းမြင့်အနေနဲ့ ဓနုဖြူမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ပုသိမ်မြို့ အထက ၆ ကနေ အထက်တန်းအောင်မြင်ခဲ့တာပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ပုသိမ်မြို့နယ် ကနေ အနိုင်ရပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့် ထောက်ခံကြိုဆိုပွဲကို ပုသိမ်အထက ၃ ကျောင်းသားဟောင်း တွေကဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ပုသိမ်သူပုသိမ်သားအများအပြားလည်း ပူးပေါင်းပါဝင်ခဲ့ကြပါ တယ်။ တီရှပ်နဲ့ ဗီနိုင်းတွေကိုတော့ ဦးဝင်းမြင့် သမ္မတဖြစ်မှာကို ယုံကြည်တဲ့အတွက် ကြိုတင်ရိုက်နှိပ်ထားတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013