DVB Logo
Home
မြန်မာသတင်း
စန္ဒယားတင်ဝင်းလှိုင် ပြန်တောင်းပန်ရန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတောင်းဆို
DVB
·
March 28, 2018
စန္ဒယားတင်ဝင်းလှိုင် ပြန်တောင်းပန်ရန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတောင်းဆို
Donate to DVB

 

စန္ဒယားတင်ဝင်းလှိုင်က မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားအပေါ် စွပ်စွဲပြောဆိုမှုနဲ့ပတ်သက်ပြီး နစ်နာမှုရှိတာကြောင့် ပြန်တောင်းပန်ပေးဖို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။

မတ် ၂၃ ရက်နေ့က ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲ အခမ်းအနားမှာ အကယ်ဒမီစဒ္ဒယားတင်ဝင်းလှိုင်ရဲ့ ပြောဆိုစွပ်စွဲမှုအပေါ် ဒီကနေ့ ရန်ကုန်မြို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားအနေနဲ့ စန္ဒယားတင်ဝင်းလှိုင် စွပ်စွဲသလို မဟုတ်ဘဲ ရှေးဟောင်းတေးသီချင်းတွေနဲ့ ခေတ်ဟောင်ရုပ်ရှင်တွေ၊ အနုပညာတွေကို မပျောက်ပျက်အောင် ထုတ်လွှင့်ပေးနေတယ်၊ RCA ဓာတ်ပြားစက်တွေ ပျက်နေပြီး ရေအိုးတင်တဲ့စင်အဖြစ် ပြောဆိုမှုဟာမဟုတ်မှန်ဘဲ လက်ရှိအဲဒီစက်(၂)လုံးကို ပြန်လည်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာအစီအစဉ်ကို ရပ်ထားတာကြာပြီဆိုတာ မဟုတ်တဲ့အကြောင်းနဲ့ မတ်လ ၂၀ ရက်နေ့အထိ ထုတ်လွှင့်ခဲ့ကြောင်း၊ သီချင်းတွေကူးယူတဲ့အခါ ကူးခအဖြစ် ငွေကျပ် ၂၀၀၀ သာ ယူတယ်လို့ပြောပါတယ်။

ဒါ့အပြင် စန္ဒယားတင်ဝင်းလှိုင် စွပ်စွဲထားသလို မိုးကျရွှေကိုယ် လူ ၅၄၁ ဦး ပါဝင် နေတယ်ဆိုတဲ့အပေါ် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနမှာ ဝန်ထမ်းပေါင်း ၂၀၀၀ ကျော်ရှိပြီး အဲဒီအထဲမှာ အရာရှိ ၂၀၀ ကျော်ပါဝင်ကာ စစ်ဘက်ကလာသူ အရာရှိ ၁၉ ဦးနဲ့ အခြားအဆင့် ၃ ဦးပဲရှိတယ်လို့ ညွှန်ကြားရေးမှူးချုပ်ဦးမြင့်ထွေးက ပြောပါတယ်။

အဲဒီလို စွပ်စွဲပြောဆိုမှုတွေ မမှန်ကန်တဲ့အပေါ် ပြန်လည်ဖြေရှင်းပေးဖို့နဲ့ ပြန်လည် တောင်းပန်ဖို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနက တောင်းဆိုပါတယ်၊ အဲဒီ စွပ်စွဲပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ပြန်လည်မတောင်းပန်ရင် ဂုဏ်သိက္ခာထိခိုက်မှု အတိုင်းအတာအပေါ်မူတည်ပြီး ထိခိုက်နစ်နာသူတွေက တရားဝင်လမ်းကြောင်းအရ စဉ်းစားဆောင်ရွက်သွားမယ်လို့ ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013