DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် စိတ်ကြွဆေး ကျပ်သိန်း ၃၅၀၀ ကျော်ဖိုး ဖမ်းမိ
DVB
·
March 28, 2018
မောင်တောတွင် စိတ်ကြွဆေး ကျပ်သိန်း ၃၅၀၀ ကျော်ဖိုး ဖမ်းမိ
Donate to DVB

 

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကျပ်သိန်း  ၃၅၂၈ တန်ဖိုးရှိတဲ့ စိတ်ကြွ ဆေးပြားတွေနဲ့အတူ တရားခံ ၃ ဦးကို မနေ့ မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။

မောင်တောမြို့ ဓညဝတီ ရေတပ်စခန်းမ အကူရေယာဉ်အဖွဲ့ဟာ မတ်လ ၂၇ ရက် မနက် ၆ နာရီ ၄၅ မိနစ်အချိန်က ရာဘာလှေနဲ့ နတ်မြစ်အတွင်း လှည့်ကင်းနေစဉ် ကညင်ချောင်းနဲ့ တက်ချောင်းကြား ရွှေဇားဘင်္ဂလီကျေးရွာအနီး မြန်မာပိုင်ရေ ပိုင်နက်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်သို့ လှော်ခတ်နေတဲ့ မသင်္ကာဖွယ်လှေ တစီးကို လက်နက်နဲ့ ၅ ချက်ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ စိတ်ကြွမူးယစ်ဆေးပြားတွေကို ဖမ်းဆီးရမိခဲ့တာပါ။

အလျှား ၁၅ ပေ အနံ ၃ ပေ ရေစူ ၅ ပေလောက်ရှိတဲ့ လက်ခတ်လှေပေါ်မှာ  ဘင်္ဂါလီအမျိုးသား ၃ ဦးနဲ့အတူ ဆာလာအိပ်နဲ့ ထုတ်ပို့ထားတဲ့ စိတ်ကြွဆေးပြား ၁၇၆၄၀၀ ပြား သိန်းပေါင်း  ၃၅၂၈၀၀၀၀၀ ကျပ်တန်ဖိုး ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဖမ်းမိတဲ့ တရားခံတွေကို ပြင်ဖြူစခန်းမှာအမှုဖွင့်ထားပါတယ်လို့ မောင်တောမြို့နယ် ဒုစခန်းမှူးက အတည်ပြုပြောကြားပါတယ်။

တရားခံတွေကတော့ မောင်တောမြို့ ပေါင်းဇားရွာမှာနေထိုင်ကြတဲ့ ဟိုင်ဘူလာ အသက် (၃၀ နှစ်)၊ မာမတ်ဆာဗစ် အသက်(၂၈ နှစ်)၊ အန်ဆန်ဒူလာ အသက် (၂၅ နှစ်)တို့ဖြစ်ပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေကို အမှတ်(၄၆)မူးယစ်အထူးတပ်ဖွဲ့စု (မောင်တော)ကို လွှဲပြောင်းပေးအပ်ထားပါတယ်။

သတင်း - Wan Tha

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မောင်တောတွင် စိတ်ကြွဆေး ကျပ်သိန်း ၃၅၀၀ ကျော်ဖိုး ဖမ်းမိ