DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ၁၀ ယောက်မြောက်သမ္မအဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်တင်မြှောက်
DVB
·
March 28, 2018
မြန်မာနိုင်ငံ၏ ၁၀ ယောက်မြောက်သမ္မအဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်တင်မြှောက်
Donate to DVB

မြန်မာနိုင်ငံရဲ့ ၁၀ ယောက်မြောက် နိုင်ငံတော်သမ္မတအဖြစ် ဒီနေ့ မတ်လ ၂၈ ရက် မနက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဦးဝင်းမြင့်ကို သမ္မတအဖြစ် ထောက်ခံ မဲ ၄၀၃မဲ နဲ့ ရွေးချယ်တင်မြှောက်လိုက်ပါတယ်။

လက်ရှိ ဒုတိယသမ္မတတွေဖြစ်တဲ့ ဦးဝင်းမြင့်၊ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူတို့ သုံးဦးထဲကနေ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက ကြိုက်နှစ်သက်တဲ့ပုဂ္ဂိုလ်ကို လျှို့ဝှက်ဆန္ဒမဲပေးပြီး ရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၆၃၆ ဦးက မဲပေးရွေးချယ်ရာမှာ ဦးဝင်းမြင့်က ၄၀၃  မဲ၊ ဦးမြင့်ဆွေက ၂၁၁ မဲ၊ ဦးဟင်နရီဗန်ထီးယူက ၁၈ မဲ ၊ ပယ်မဲ ၄ မဲ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ သမ္မတရွေးချယ်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီးတွေလည်း လေ့လာသူတွေအဖြစ် တက်ရောက်ခဲ့ကြပါတယ်။

ဒီနေ့ကျင်းပတဲ့ သမ္မတရွေးချယ်ပွဲကို တက်ရောက်ခွင့်ရှိတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၆၅၆ ယောက်ရှိပြီး အယောက် ၂၀ ကတော့ ခွင့်ယူထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ်ထားတဲ့ ဦးဝင်းမြင့်ကို ပြည်ထောင်စုလွှတ်တော်ကနေ ဒု-သမ္မတအဖြစ် အတည်ပြု ရွေးချယ်တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲတုန်းကတော့ ဦးထင်ကျော်က ထောက်ခံမဲ အရေအတွက်  ၃၆၀နဲ့ သမ္မတအဖြစ်ရွေးကောက်ခံရတာဖြစ်ပြီး ဦးမြင့်ဆွေက မဲအရေအတွက် ၂၁၃ မဲ၊ ဦးဟင်နရီဗန်ထီးယူကတော့ မဲအရေအတွက် ၇၉ မဲရရှိခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013