DVB Logo
Home
မြန်မာသတင်း
မွန်၊ ကရင်၊ တနင်္သာရီဒေသရှိ ရွှေ့ပြောင်းမိသားစုများအတွက် အခမဲ့ စက်ပြင်သင်တန်းဖွင့်မည်
DVB
·
March 28, 2018
မွန်၊ ကရင်၊ တနင်္သာရီဒေသရှိ ရွှေ့ပြောင်းမိသားစုများအတွက် အခမဲ့ စက်ပြင်သင်တန်းဖွင့်မည်
Donate to DVB

 

ရွှေ့ပြောင်းမိသားစုတွေအတွက်ရည်ရွယ်ကာ အခြေခံစက်ပြင် အသက်မွေးပညာသင်တန်းကို မွန်အမျိုးသမီးမဟာမိတ်အဖွဲ့နဲ့ အစိုးရနည်းပညာအထက်တန်းကျောင်းတို့ပူးပေါင်းပြီး မော်လမြိုင်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှာ ဖွင့်လှစ်ဖို့ရှိနေပါတယ်။

သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ အသက် ၁၈ နှစ်နဲ့အထက် ရွှေ့ပြောင်းသွားလာတဲ့ မိသားစုဝင်ဖြစ်ရမှာဖြစ်ပြီး စီမံကိန်းဝင်ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်က ကျိုက်ထို၊ ပေါင်၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကရင်ပြည်နယ်က ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေနဲ့ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်း နေထိုင်ရသူတွေ ဖြစ်ရမှာပါ။

သင်တန်းညှိနှိုင်းရေးမှူး မိနွန်ဒါက “ရွှေ့ပြောင်းမိသားစုဝင်တွေကို အတတ်ပညာနဲ့ ဗဟုသုတရရှိစေဖို့၊ လွှဲပို့ငွေကနေပြီးတော့ အရင်းအနှီးလုပ်ပြီး အတတ်ပညာနဲ့ပေါင်းစပ်ပြီးတော့ အသေးစားစီးပွားရေးလုပ်ငန်း စတင်နိုင်စေဖို့ပါ”လို့ ပြောပါတယ်။

သင်တန်းမှာ ဒီဇယ်နဲ့ဓါတ်ဆီအင်ဂျင်တစ်ခုလုံးအား အစ/အဆုံးပြုပြင်ဖြုတ်/တပ်ခြင်း၊ စစ်ဆေးလဲလှယ်ခြင်း အပါအ၀င် မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ခြင်းတို့ကို သင်ထောက်ကူ ပစ္စည်းအပြည့်အစုံနဲ့ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းလျှောက်လွှာတွေကို ယနေ့မှစတင်ကာ ဧပြီ ၂၄ ရက်အထိ မော်လမြိုင်မြို့ ဈေးကြိုရပ်ရှိ မွန်အမျိုးသမီးမဟာမိတ်အဖွဲ့၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)နဲ့ နီးစပ်ရာဒေသခံလူထုစည်းရုံးရေးမှူးတွေထံမှာ ရယူပေးပို့ရမှာဖြစ်ကာ သင်တန်းကာလမှာ မေလ ၂ ရက်မှ ၃၁ ရက်နေ့အထိ တစ်လကြာမြင့်မှာဖြစ်ပါတယ်။

သတင်း - ၀င်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013