DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးသမားများနှင့် တပ်မတော်အကြားနားလည်မှုရှိရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
DVB
·
March 28, 2018
နိုင်ငံရေးသမားများနှင့် တပ်မတော်အကြားနားလည်မှုရှိရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
Donate to DVB

 

နိုင်ငံရေးသမားတွေနဲ့ တပ်မတော်အကြားမှာ နားလည်မှုအများကြီးရှိဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မတ်လ ၂၇ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

“ခုချိန်မှာ ဒီမိုကရေစီအရေးအတွက် ပြည်သူလူထုနဲ့တပ်မတော် လက်တွဲဖို့ လိုပါတယ်။ နိုင်ငံတနိုင်ငံမှာ နိုင်ငံရေးသမားများ ရှိမှသာလျင် နိုင်ငံရေးဘက်က ပီပီပြင်ပြင် လုပ်နိုင်မှာပါ။ ဒါကြောင့်မို့လို့ နိုင်ငံရဲ့ အစိုးရကို ပီပီပြင်ပြင်ဖြစ်အောင်လုပ်နိုင်မယ့် နိုင်ငံရေးသမားများနဲ့ နိုင်ငံရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ တပ်မတော်ကြားထဲမှာ နားလည်မှုအများကြီးရှိဖို့ လိုပါတယ်။ ဒီလို နားလည်မှုရှိဖို့ ကျမတို့ အစဉ်တစိုက် ကြိုးပမ်းနေပါတယ်”

အပြောင်းအလဲ တခုဖြစ်အောင်လုပ်တာကို တော်လှန်ရေးလို့ခေါ်ပြီး ပြောင်းလဲသင့်တဲ့ ကိစ္စကို ပြောင်းလဲဖို့ဆိုတာ လူတိုင်းရဲ့ သမိုင်းပေးတာဝန်ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

(၇၃)နှစ်​​မြောက်​ ဖက်​ဆစ်​​တော်​လှန်​​ရေး​နေ့အခမ်းအနားကို ရန်ကုန် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုက​ရေစီအဖွဲ့ချုပ်​ ဗဟိုဌာနချုပ်​ရုံးမှာ ပြုလုပ်ခဲ့ပြီး အခမ်းအနားမှာ​ သဘာပတိ ဗဟိုအလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​ ဦးဟံသာမြင့်က အဖွင့်မိန်းခွန်း​ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေပါဝင်တဲ့  ဖက်​ဆစ်​​တော်​လှန်​​ရေး​နေ့ ​ကြေညာစာတမ်းကိုတော့ ဗဟိုအလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​ ​ဒေါက်​တာမျိုးညွန့်​က ဖတ်​ကြားခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနားကို အဖွဲ့ချုပ်​နာယက ဦးတင်​ဦး၊ ဗဟိုအလုပ်​အမှု​ဆောင်​အဖွဲ့ဝင်​ ဦးဉာဏ်​ဝင်း၊ ရန်​ကုန်​တိုင်း​ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်း၊ ဗဟို​ကော်မတီဝင်တွေ၊ ​​ရန်​ကုန်​တိုင်း​လွှတ်​​တော်​ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနဲ့ လွှတ်​​တော်​ကိုယ်​စားလှယ်​တွေ၊ အဖွဲ့ချုပ်​အဖွဲ့ဝင်​တွေနဲ့ သံတမန်​တွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013