DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးပြောကြားချက် ကုလအတွင်းရေးမှူးချုပ်အံ့အားသင့်
DVB
·
March 27, 2018
ဗိုလ်ချုပ်မှူးကြီးပြောကြားချက် ကုလအတွင်းရေးမှူးချုပ်အံ့အားသင့်
Donate to DVB

 

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဘင်္ဂါလီအရေးပြောကြားချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂုတာရပ်စ်အနေနဲ့ အံ့အားသင့်သွား ခဲ့တယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကချင်ပြည်နယ် ပူတာအိုခရီးစဉ်အတွင်း တပ်မိသားစုတွေနဲ့ တွေ့ဆုံစဉ် ဘင်္ဂါလီအရေးနဲ့ မြန်မာကာကွယ်ရေးဦးစီးချုပ်ရဲ့ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဖာရန်ဟတ်က မတ်လ ၂၆ရက်က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်တာပါ။

အမုန်းတရားလှုံ့ဆော်တာတွေကိုဆန့်ကျင်ဖို့နဲ့ လူအုပ်စုအသိုင်းအ၀န်းအကြား သဟဇာတဖြစ်ရေးအားပေးဖို့အတွက် ညီညီညွတ်ညွတ်ရပ်တည်ကြဖို့ မြန်မာခေါင်းဆောင်အားလုံးကို အတွင်းရေးမှူးချုပ်က တိုက်တွန်းတောင်းဆိုတယ်လို့ဆိုပါတယ်။

ဒါ့ပြင် ခွဲခြားဆက်ဆံမှုတွေကိုဆန့်ကျင်ဖို့၊ ရခိုင်အကြံပေးကော်မရှင်ရဲ့အကြံပြုချက်တွေကို လိုက်နာလုပ်ဆောင်ဖို့၊ အကြမ်းဖက်မှုဖြစ်ရတဲ့ အခြေခံအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊  လုံခြုံရေးနဲ့အကူအညီလိုနေသူတွေအတွက် မြန်မာအစိုးရကတာဝန်ယူဖို့နဲ့ ရိုဟင်ဂျာတွေ ဆန္ဒအလျှောက် လုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိနေရပ် ပြန်နိုင်စေမယ့် အခြေနေဖန်တီးပေးဖို့ လည်း ကုလအတွင်းရေးမှူးချုပ်က တိုက်တွန်းသွားပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မတ်လ ၁၉ ရက်က ကချင်ပြည်နယ် ပူတာအိုတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေကို တွေ့ဆုံအမှာစကား ပြောကြားရာမှာ ဘင်္ဂါလီကိစ္စလည်း ထည့်သွင်းပြောကြားသွားတာပါ။

ဘင်္ဂါလီလူမျိုးတွေဟာ မြန်မာနိုင်ငံ လွတ်လပ်ရေး ဆုံးရှုံးချိန်မှာ ဘင်္ဂလားဒေသမှ ခေါ်ဆောင်လာတဲ့ လူတွေကနေ ပေါက်ဖွားလာတာ ဖြစ်တယ်။ မြန်မာနိုင်ငံမှ တိုင်းရင်းသားတွေနဲ့ အသွင်သဏ္ဌာန်အရ၊ ယဉ်ကျေးမှုအရ တူညီမှုမရှိဘဲ မိမိတို့တိုင်းရင်းသားတွေ မဟုတ်ပါ။ ၎င်းတို့ဟာ မြန်မာနိုင်ငံအတွင်း နေထိုင်မှုကြာလာတာနဲ့အမျှ နိုင်ငံသားအဖြစ် တောင်းဆိုမှုတွေကြောင့် အခုလို ပြဿနာတွေ ဖြစ်ရတာလို့ တပ်မတော်အကြီးအကဲက ပြောသွားတာပါ။

ဒ့ါအပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ အမျိုးမျိုးကြောင့် တပ်မတော်အပေါ် မုန်းတီးတွေ ဖြစ်ပေါ်အောင် ဆောင်ရွက်မှုတွေ ရှိနေတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ဒီကနေ့ကျရောက်တဲ့ ၇၃ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားမှာလည်း “နိုင်ငံအကူးအပြောင်းကာလမှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းအချို့က တပ်မတော်ကိုနည်းမျိုးစုံနဲ့ တိုက်ခိုက်လာလို့ တပ်တွင်းစည်းလုံးညီညွတ်ရေး တည်ဆောက်ရမယ်”လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသွားပါတယ်။

ဓာတ်ပုံ-UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013