DVB Logo
Home
မြန်မာသတင်း
အမေရိကန်သူ ဆိုဖီဒန်နီယယ်လ်ဆန် မြန်မာလိုသီဆိုထားသည့် Myanmar Idol သီချင်း (ရုပ်သံ)
DVB
·
March 27, 2018
အမေရိကန်သူ ဆိုဖီဒန်နီယယ်လ်ဆန် မြန်မာလိုသီဆိုထားသည့် Myanmar Idol သီချင်း (ရုပ်သံ)
Donate to DVB



“အမှတ်မထင် တွေ့ဆုံကြ… ဘဝအချိန်ခဏလေးမှာ… ဒုက္ခမျိုးစုံ ပွေ့ပိုက်ထား… တနေ့အဆင်ပြေသွားမှာ…”

ဒီစာသားလေးတွေကို တွေ့လိုက်တာနဲ့ သီချင်းဆိုပြိုင်ပွဲတခုကို ပြေးမြင်မိကြမှာ မလွဲပါဘူး။

ဒါကတော့ နာမည်ကြီး Myanmar Idol သီချင်းဆိုပြိုင်ပွဲ Season 2 မှာ အဖွဲ့လိုက် သီဆိုထားကြတဲ့ “ပျော်ပါစေ သူငယ်ချင်း” ဆိုတဲ့ သီချင်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒီသီချင်းကို အမေရိကန်သူတယောက်က မြန်မာလို ပီပီသသ သီဆိုပြထားတာကတော့ တကယ့်ကို ချီးကျူးစရာပါပဲ။

သူ့ရဲ့နာမည်ကိုတော့ ဆိုဖီဒန်နီယယ်လ်ဆန် (Sophie Danielson) လို့ သိရပြီး သွက်လက်ချက်ချာတဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့မြင်ကြရမှာပါ။

မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးကလည်း ဒီသီချင်းကို ပြန်လည်မျှဝေထားခဲ့ပြီး ခုလို ရေးသား ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။

“မြန်မာတွေနဲ့ အမေရိကန်တွေမှာ တူညီတဲ့အချက်က ဘာဖြစ်မလဲ။ မိမိတို့အားလုံး ဂီတကို မြတ်နိုးကြတာပါပဲ။ ကဲ… အမေရိကန်သူလေး ဆိုဖီ ဒန်နီယဲလ်ဆန်က Myanmar Idol ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ “ပျော်ပါစေသူငယ်ချင်း” သီချင်းကို မြန်မာလိုသီဆိုထားတဲ့ ဗွီဒီယိုလေးကို မျှဝေလိုက်ပါတယ်။ ဆိုဖီရဲ့ တခြားသီချင်းတွေကိုလည်း သူ့ရဲ့ Youtube Channel (https://goo.gl/vEUj2K) မှာဖြစ်ဖြစ် ဖေ့စ်ဘွတ်ခ်စာမျက်နှာ Sophie Danielson မှာပဲဖြစ်ဖြစ် ထပ်ပြီးကြည့်လို့ရပါသေးတယ်။”

“ဟေ..ရေ ခရီးကြမ်းပါစေကွာ… ဟေ..ရေ ရှေ့ဆက်နေဦးမှာ… အခက်အခဲတွေ… ကြုံလည်း အားတင်းထားကွယ်” စတဲ့ အားမာန်ပါတဲ့ သီချင်းစာသားတွေနဲ့အတူ ဆိုဖီ သီဆိုထားခဲ့တဲ့ ဒီသီချင်းကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သောင်းခွဲကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒီသီချင်းကို ရေးသားခဲ့သူကတော့ အဆိုတော် ရဲလေးဖြစ်ပြီး Myanmar Idol Season 2 ရဲ့ နောက်ဆုံး ဆန်ကာတင်ပြိုင်ပွဲဝင်တွေက သီဆိုထားခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013