DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့လယ်တွင် ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ်လုယက်သူများ မဖမ်းမိသေး
DVB
·
March 27, 2018
မိုးညှင်းမြို့လယ်တွင် ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ်လုယက်သူများ မဖမ်းမိသေး
Donate to DVB

 

ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့စုရပ်ကွက်မှာ မတ်လ ၂၆ ရက် ညနေ ၅ နာရီခွဲလောက် ဆိုင်ကယ်စီးပြီး ဆွဲကြိုးဖြတ်လုယက်ထွက်ပြေးသွားတဲ့ တရားခံကိုဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။

အင်းတော်ကြီးဒေသ လုံးတုံကျေးရွာတောင်တန်းသာရပ်ကွက်နေ အသက် (၆၈) နှစ်အရွယ် ဒေါ်ငွေစံနဲ့ မိန်းမဖော်တဦးဟာ အရှေ့ကျောင်းပရိယတ္တိ စာသင်တိုက် ဆရာတော်ထံမှာ ရှင်ပြုဖို့ အလှူငွေအပ်ပြီးအပြန်လမ်းမှာ လူငယ် ၂ ဦး ဆိုင်ကယ်နဲ့ ကျော်တက်သွားပြီး နောက်ပြန် လှည့်လာကာ ဆိုင်ကယ်ပေါ်နေတဦးက လည်ပင်းကိုညှစ်ကာ ရွှေဆွဲကြိုးကို ဖြတ်လုပြီး ဆိုင်ကယ်မောင်းပြေးသွားခဲ့တာပါ။

ဒေါ်ငွေစံရဲ့ ရွှေဆွဲကြိုး ၅ ကျပ်သား၊ ရွှေဆွဲပြား ၂ ကျပ်သားအနက် ရွှေဆွဲပြား ၂ ကျပ်သားနဲ့ ရွှေဆွဲကြိုး ၂ ကျပ်ခွဲသားခန့်ဟာ ရင်ဘတ်ကြားထဲပြတ်ကျန်ခဲ့လို့ ပြန်လည်ရရှိခဲ့ပါတယ်။

ရွှေဆွဲကြိုးလုယက်သူတွေဟာ အသက် ၂၀ နဲ့ ၂၅ နှစ်ကြား မျက်နှာဝိုင်းဝိုင်းနဲ့ လူငယ်တွေ ဖြစ်ပြီး လက်မှာ တက်တူးထိုးထားတယ်လို့ ဒေါ်ငွေစံက ပြောပါတယ်။

မိုးညှင်းမြို့မရဲစခန်းမှ အရှေ့စုရပ်ကွက်တာဝန်ခံ နယ်ထိန်း သန်းဇော်ဌေးကတော့ “တရားခံကို မမိသေးပါဘူး။ သံသယရှိသူတွေကို စုံစမ်းနေတုန်းပါ”လို့ ပြောပါတယ်။

အမည်မသိ ဆိုင်ကယ်စီးပြီး မြို့လယ်မှာရွှေဆွဲကြိုးဖြတ်လုသူကို ဒေါ်ငွေစံက မိုးညှင်းမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တဲ့အတွက် ရဲစခန်းကတာဝန်ယူဆောင်ရွက်နေ တယ်လို့ သိရပါတယ်။

သတင်း - ခင်သန်းညွှန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013